မောင်တော မြောက်ဘက် ဒူးတန်းရွာမှာ မီးလောင်

ဓာတ်ပုံ မူပိုင် AFP
Image caption အခု လဆန်းပိုင်းကလည်း အိမ်ခြေ ၇၀ မီးလောင်ခဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရဲ့ မြောက်ဘက် ဒူးတန်းရွာမှာ ဒီကနေ့ မနက် ၃ နာရီကျော်က မီးလောင်မှု ဖြစ်ပွားခဲ့ ပါတယ်။

စျေးတန်းက ဆိုင်ခန်း ၆ ခန်း မီးလောင် သွားတယ်လို့ ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဆိုင်ကယ်စီးလာတဲ့ လူ ၂ ယောက် ဖြတ်သွားပြီး နောက်မှာ မီးလောင်မှု ဖြစ်တာလို့ ဒေသခံက ပြောပါတယ်။

အခု မီးလောင်မှုနဲ့ ပတ်သက်ပြီး အစိုးရ ဘက်ကတော့ အတည်ပြုချက် မရသေးပါဘူး။

အခု လဆန်းပိုင်း ကလည်း အနီးအနားက ရွာ ၂ ရွာမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ အိမ်ခြေ ၇ဝ မီးလောင်ကျွမ်းခဲ့ပါတယ်။

သန်းခေါင်စာရင်း ကောက်ခါနီးမှာ အစ္စလာမ်ရွာတွေပဲ မကြာခဏ မီးလောင်နေတာကြောင့် ရွားသားတွေက စိုးရိမ်တကြီး ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ