MSF လုပ်ငန်း ကျန်းမာရေးက လွှဲယူမယ်

msf myanmar ဓာတ်ပုံ မူပိုင် MSF
Image caption လူနှစ်သောင်းခွဲ ကျော်ကို ကျန်းမာရေး က တာဝန်ယူမယ်

နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ (MSF-ဟော်လန်) ရဲ့ ရခိုင် ပြည်နယ် က ကျန်းမာရေး လုပ်ငန်း တွေကို တလ အတွင်း ကျန်းမာရေး ဌာနက အပြီးသတ် လွှဲပြောင်း နိုင်မယ် လို့ ကျန်းမာရေး ဦးစီး ဌာန ဒုတိယ ညွှန်ကြား ရေးမှူး ဦး ကျော်ကံကောင်း က ပြောပါတယ်။

MSF တာဝန်ယူ ဆောင်ရွက် ခဲ့တဲ့ HIV/AIDS ဝေဒနာသည် ၇၅ဝ ကျော်၊ ငှက်ဖျား ရောဂါ သည် ၈ဝ ကျော် နဲ့ အခြား ကျန်းမာရေး စောင့်ရှောက်မှု လိုအပ် သူ နှစ်သောင်းခွဲ ကို ကျန်းမာရေး ဌာန က အစားထိုး တာဝန် ယူဖို့ ဖေဖော် ဝါရီလ ကတည်းက ဆောင်ရွက် နေပါတယ်။

MSF ဆောင်ရွက် နေတဲ့ စစ်တွေ၊ မင်းပြား၊ ကျောက်တော်၊ ပလက်ဝ၊ ဘူးသီးတောင် မြို့တွေ က ကျန်းမာရေး စောင့်ရှောက်မှု တွေ ကို အစိုးရ က လွှဲပြောင်း ယူနေတာ ဖြစ်ပါတယ်။ ရခိုင် ပြည်နယ် က HIV/AIDS ၊ တီဘီနဲ့ ငှက်ဖျား ရောဂါ ဝေဒနာရှင် တွေဟာ ကျန်းမာရေး ဌာနနဲ့ ပြည်သူ့ ဆေးရုံတွေမှာ ဆေးလာ ကုသနိုင်မှာ ဖြစ်သလို ရွာတွေ၊ ဒုက္ခသည် စခန်း တွေက လူနာ တွေ ကိုတော့ သူတို့ဆီ အထိ သွားပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးမယ် လို့ ဦးကျော်ကံကောင်း က ပြောပါတယ်။ MSF ဟာ ဒုချီးရာတန်း အရေးမှာ နိုင်ငံတကာ အဖွဲ့တွေကို သတင်း အမှား တွေ ပေးခဲ့တယ် ဆိုပြီး စစ်တွေမြို့ ဒေသခံ တွေက ဆန္ဒပြ ခဲ့ပြီးတဲ့ နောက် အစိုးရဟာ MSF ရဲ့ ရခိုင်ပြည်နယ်က လုပ်ငန်းတွေကို ပြီးခဲ့တဲ့ လ မှာ ရပ်ဆိုင်း ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ