ဦးဝင်းတင် ကျန်းမာရေး တိုးတက်ပေမယ့် စိုးရိမ်ရဆဲ

U Win Tin ဓာတ်ပုံ မူပိုင် AP
Image caption ဦးဝင်းတင် ကျန်းမာရေး ကောင်းလာ စေဖို့ လူအများ ဆုတောင်းနေ

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် နာယက ဖြစ်သူ သတင်းစာ ဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေနေ တိုးတက်လာပေမယ့် စိတ်ချရပြီလို့ မပြောနိုင်သေးဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၂ ရက် နေ့ကတည်းက စတင် ဆေးရုံတက်ပြီး ဆေးကုသမှု ခံနေရတာ ဖြစ်ပြီး အခုဆို အရက် ၂၀ ရှိပါပြီ။

ဆရာကြီး ဦးဝင်းတင်ကို လွန်ခဲ့တဲ့ သုံးရက် လောက်က ဝိတိုရိယဆေးရုံကနေ ရန်ကုန် ဆေးရုံကြီး နှလုံးရောဂါ အထူးကြပ်မတ် ကုသဆောင်မှာပြောင်းရွှေ့ ကုသ ပေးနေတာဖြစ်ပါတယ်။

မြန်မာ သမားတော် ကြီး ၁၁ ယောက်ပါတဲ့ အနီးကပ် ကြပ်မတ် ကုသပေး နေတဲ့ အဖွဲ့က မတ်လ ၃၁ ရက်နေ့က ဆွေးနွေးခဲ့ကြ အပြီး မိသားစု ဆရာဝန် ဒေါက်တာမြင့်သိန်းက ဆရာကြီး ဦးဝင်းတင်ရဲ့ အခြေ အနေ တိုးတက် လာပေမဲ့ စိတ် မချရသေးဘူးပြောပါ တယ်။

လူနာရဲ့ အခြေ အနေအရ ပြည်ပကို သွားရောက် ဆေးကုသ ဖို့ထက် ရန်ကုန် ဆေးရုံကြီးမှာပဲ ဆက်လက် ကုသဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ဆရာဝန်ကြီးတွေက ပြောပါတယ်။

ပြီးခဲ့တဲ ရက်ပိုင်း ကတော့ ၇၂ နာရီ စောင့်ကြည့်ရမယ် အခြေအနေလို့ သူ့ကို စောင့်ရှောက် သူတွေကပြောခဲ့ကြ ပါတယ်။

အနီးကပ်စောင့် ရှောက်မှု ပေးနေတဲ့ ဦးဇော် မျိုးအောင်ကတော့ အခု အခြေ အနေ အတိုင်း ဆက်ရှိမယ် ဆိုရင် အသက်ရှုစက် ventilator နဲ့ တွဲထားတဲ့ ပိုက်ကို ဖြုတ်နိုင်မယ်၊ ပုံမှန် အခြေ အနေပြန်ရောက် နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဆရာကြီး ဦးဝင်းတင်ဟာ ကီလီ ဝါးတန်းလမ်းက Green Cross ဂရင်း ကရော့ ဆေးရုံမှာ ပထမဆုံး တက်ရောက် ကုသခဲ့တာ ဖြစ်ပြီး အဲဒီမှာ ၁၂ ရက် ကြာခဲ့ပါတယ်။

တခါ ဝိတိုရိယ ဆေးရုံကို ပြောင်းရွှေ့ခဲ့ပြီး နောက် နှစ်ရက် အကြာမှာမှ ရန်ကုန် ဆေးရုံကြီးကို ပြောင်းရွှေ့ တင်ခဲ့တာပါ။

ဦးဝင်းတင်ကို ဆရာတော် အရှင်ဆေကိန္ဒ၊ ကိုမိုးသီဇွန်၊ မင်းဇေယျနဲ့ တခြား နိုင်ငံရေး အကျဉ်းသားဟောင်းတွေ လာရောက် သတင်းမေးခဲ့ကြ ပါတယ်။

အမျိုးသား ဒီမိုကရစီ အဖွဲ့ချုပ်ဝင် တွေလည်း သွားရောက် သတင်း မေးခဲ့ကြ ပါတယ်။

နိုင်ငံရေး အကျဉ်းသား လူငယ် ၆ ယောက်လောက် လောက်ကတော့ ဦးဝင်းတင်ကို နေ့ည မပြတ် စောင့်ရှောက်နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ