အိုးအိမ် ပြဿနာ အဖြေရှာ

Image caption ရန်ကုန်မြို့ အနီး ကျူးကျော် ရပ်ကွက်တခု

ရန်ကုန် မန္တလေး မြို့ကြီးတွေနဲ့ အနီးအနား ဝန်းကျင်မှာ ကျေးရွာ ရွှေ့ပြောင်းခိုင်းတာတွေ ရှိသလို ကျူးကျော်အိမ်ရာတွေ မောင်းထုတ် ဖြိုဖျက်ခံကြရတာတွေကိုလည်း မကြာခဏ ကြားနေကြရပါတယ်။

ဒါ့အပြင် အိုးအိမ်မြေယာ မဝယ်နိုင်ကြလို့ အခက်ကြုံနေကြသူတွေ ၊ အိမ်ငှားခ၊ အခန်းငှားခ စျေးကြီးလို့ ရုန်းကန်လှုပ်ရှားကြရသူတွေလည်း အများအပြား ရှိနေကြပါတယ်။

အိမ်ပိုင်မြေပိုင်မရှိလို့ လုံခြုံငြိမ်းချမ်းမှု မရှိတဲ့ ဘဝတွေ ဘယ်လောက်များပြားနေပြီလဲ။

လူအများအပြားမှာ နေရေးထိုင်ရေး အခက်အခဲရှိနေပြီဆိုရင် အုပ်ချုပ်သူ အစိုးရက စီမံဆောင်ရွက် မပေးသင့်ဘူးလား။

ဧပြီလ ၅ ရက် စနေနေ့ လွတ်လပ် အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

burmese@bbc.co.uk ဒါမှမဟုတ် bbcburmese@gmail.com အီးမေးလ်တို့မှာ သောတရှင်တို့ရဲ့ နံမည်၊ ဆွေးနွေးပြောဆိုချင်တဲ့ အကြောင်း အကျဉ်းချုပ်နဲ့ သောတရှင်တို့ရဲ့ဖုန်းနံပါတ်၊ ခေါ်ဆိုတဲ့ တိုင်းပြည်တို့ကို ပေးပို့ရင် ဘီဘီစီက ပြန်လည် ဆက်သွယ် ခေါ်ယူပေးမှာ ဖြစ်ပါတယ်။