ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာတွေ ဘာလင်မှာဆုံ

48_bbc_304x171_bbc
Image caption ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘာလင် ဆွေးနွေးပွဲ

ဧပြီလ ၁၃ ရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဂျာမနီ နဲ့ ဥရောပ ရောက် မြန်မာမိသားစု တွေ၊ တွေ့ဆုံပွဲ ကို ဘာလင်မြို့ရှိ Free University တက္ကသိုလ် မှာ ကျင်းပ ပါတယ်။ အဓိက ဆွေးနွေးချက်တွေ ကတော့ မြန်မာနိုင်ငံ ရဲ့ ကျန်းမာရေး၊ ပညာရေး နဲ့ နိုင်ငံရေး ကိစ္စ ရပ်တွေ ဖြစ်ပါတယ်။

နိုင်ငံရေး နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် အဓိက ပြောတဲ့ အချက် ကတော့၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ဘာကြောင့် လိုအပ်တယ် ဆိုတာ ကို အကျယ်တဝန့် ရှင်းပြတဲ့ အကြောင်း၊ တပ်မတော် ကို ဘာကြောင့်ချစ်တယ်၊ ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့ တပ်မတော် လမ်းစဉ် အတိုင်း ပြန်လည် ဖြစ်စေချင်ပုံ နဲ့၊ ပြည်သူ နဲ့ တပ်မတော် ညီညွတ်တာ ကို မြင်လိုကြောင်း၊စတာတွေ ပါဝင်ပုံ ကို ဒီတွေ့ဆုံပွဲ သွားတက်တဲ့ မြန်မာ့ရေးရာ ဌာန၊ ဂျာမနီ မှ ကိုအောင်သူ က၊ ဘီဘီစီ ကို ပြောပါတယ်။

ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ တွေ ဖြစ်ပွားလာတဲ့ အခါမှာ တချို့ က ဒေါ်အောင်ဆန်းစုကြည် ကို ဘက် တဖက် မှာ ရပ်စေချင်တဲ့ အကြောင်း၊ ဒီလို ရပ်ရုံ နဲ့ ပြဿနာ ဖြေရှင်း လို့ ရရင် ကောင်းပေမဲ့ မပြေလည်ရင်၊ ဘာမှ မထူးတဲ့ အကြောင်း၊ ဒီပြဿနာ တွေ ဟာ ဥပဒေ အရ ဖြေရှင်းရမှာ ဖြစ်ကြောင်း၊ ရခိုင် ပဋိပက္ခ ဆိုရင် လက်ရှိ အစိုးရ ဖြေရှင်းရမှာ ဖြစ်တာတွေ ဒေါ်အောင်ဆန်းစုကြည် က ပြောတာ ကို ကိုအောင်သူ က ဘီဘီစီ ကို ပြောပါတယ်။

ပညာရေး ပိုင်းနဲ့ ပတ်သက်လို့လည်း၊ လာမဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကျရင်၊ ပညာရေး ဆိုင်ရာ၊ ဥပဒေ မူကြမ်းတွေ တင်မယ့် အကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည် က ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ မှာ ပြောခဲ့ပါတယ်။ ဧပြီလ ၁၄ ရက်နေ့မှာတော့ ဂျာမနီ ကနေ ပြင်သစ် နိုင်ငံ ကို ထွက်ခွာမှာပါ။