အဆောက်အဦ ပြိုကျမှု လူ ၃ ယောက် သေဆုံး

building collapse
Image caption ပြိုကျ အဆောက် အဉီးကို ရှင်းလင်းနေစဉ်

အလုံ မြို့နယ် အလုံ လမ်းနဲ့ ဧရာ ဝတီ လမ်းထောင့် က အဆောက် အဦ ဟောင်း တခုကို ဖြိုချရာမှာ အနည်းဆုံး အလုပ်သမား ၃ ယောက် သေဆုံး ခဲ့ပါတယ်။

၂ ဦးက နေရာမှာတွင် သေဆုံးပြီး ၁ ဦးကတော့ ဆေးရုံ ရောက်ပြီး မှ သေဆုံးသွား တာဖြစ်ပါတယ်။

အနီးနား မှာ ရှိတဲ့ ဆိုက်ကား ပေါ်ကို လည်း အပျက် အစီး တွေ ပိကျ ခဲ့ရာမှာ ဆိုက်ကား ပျက်စီးပြီး လူကို ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။ အသက် အန္တရာယ် စိုးရိမ် ရသလား ဆိုတဲ့ အခြေအနေကို ရှင်းရှင်း လင်းလင်း မသိရ သေးပါဘူး။

မျက်မြင် သက်သေရဲ့ ပြောဆိုချက် အရ အဆောက် အဦဟောင်းကို ဖြိုချပြီး အဆောက် အဦသစ် တည်ဆောက် ဖို့ဆောင်ရွက်နေရာမှာ ဆောက်လုပ်ရေးသုံး ယန္တရားကြီးတွေ မပါဝင်ဘဲ လူအင်အားနဲ့ ဖြိုဖျက်ကြရာမှာ လူပေါ်နံရံ လဲပြိုပိကျ သေဆုံး ခဲ့တာလို့ ဆိုပါတယ်။

မြန်မာ နိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်း ကုမ္ပဏီ အများစုဟာ လုပ်ငန်းခွင် ဘေးကင်း လုံခြုံရေး စည်းမျဉ်း စည်းကမ်း တွေကို လိုက်နာ ဆောင်ရွက်မှု နည်းတယ်လို့ ဝေဖန်မှုတွေ ရှိကြပါတယ်။