လယ်တီသိမ်နဲ့ စေတီ ရွှေ့ပြောင်းပြီးပြီ

monywa
Image caption ဒေသခံတွေက လယ်တီသိမ် မဖျက်ဖို့ အရေးဆို

လက်ပံတောင်း ဒေသ မှာရှိတဲ့ လယ်တီသိမ်နဲ့ စေတီ ကို ရွှေ့ပြောင်း ပြီးပြီ လို့ လက်ပံတောင်း အစီရင်ခံစာ အကောင်အထည် ဖော်ရေး ကော်မတီဝင် စစ်ကိုင်းတိုင်း သစ်တောနဲ့ သတ္တုတွင်း ၀န်ကြီး ဦးသန်းထိုက် က ဘီဘီစီကို ပြောပါတယ်။

လက်ပံတောင်း စီမံကိန်း စုံစမ်းရေး အစီရင်ခံစာ အတိုင်း မူလလက်ရာ မပျက် ရွှေ့ဖို့က နည်းပညာ အခက်အခဲ အရ မဖြစ်နိုင်ဘူးလို့ ဦးသန်းထိုက်က ဆိုပါတယ်။

ကျော်ရွာ အနားမှာ အသစ်တည်ဆောက် နေတဲ့ စေတီနဲ့ သိမ်မှာ မူလ နေရာ တွေက အုတ်ကျောက် တွေ ထည့်သွင်း တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ဒေသခံ ဆရာတော် တွေ သဘောတူညီချက်နဲ့ ရွှေ့တာလို့လည်း ဆိုပါတယ်။

ဒေသခံတွေ ကတော့ လယ်တီသိမ် မဖျက်ဖို့ အရေး တောင်းဆို နေပေမယ့် အစိုးရ ကတော့ နိုင်ငံတော် ဩဝါဒ စရိယ ဆရာတော်တွေ အမိန့် အရ အရင်က ဘဏ္ဍာစား အဖြစ် ပေးပြီး ရွှေ့ပြောင်း ခဲ့တဲ့ သာဓကတွေ အရ မူလ စေတီထက် ဉာဏ်တော် နှစ်ဆ မြင့်တဲ့ စေတီ တည်ဆောက် ပေးမယ်လို့ အစိုးရ သတင်းစာ ကနေ ဖော်ပြထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ