အမေရိကန် ပိတ်ဆို့မှု တိုးဖို့ တောင်းဆို

yangon ဓာတ်ပုံ မူပိုင် Getty
Image caption မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ပါဝင်စား

မြန်မာ အရေး ဆောင်ရွက် နေကြတဲ့ လူ့အခွင့်အရေး မြှင့်တင်ရေး လှုပ်ရှားသူ အဖွဲ့အစည်း ၂၉ ခုက ၂ဝ၁၃ က မြန်မာပေါ် ချမှတ်ခဲ့တဲ့ အမေရိကန် အရေးယူ ပိတ်ဆို့မှုတွေ ဆက်ထားဖို့ သမ္မတ အိုဘားမား ဆီ စာရေး တောင်းဆို ခဲ့ပါတယ်။

မြန်မာ စစ်တပ်နဲ့ စီးပွားရေး မလုပ်ဖို့၊ အမေရိကန် ကုမ္ပဏီတွေ မြန်မာမှာ ရင်းနှီး မြှုပ်နှံတဲ့အခါ တာဝန်သိ ရင်းနှီးမြှုပ်နှံ တာမျိုး ဖြစ်မဖြစ် စောင့်ကြည့် အစီရင်ခံမယ် ဆိုတဲ့ အချက်တွေ ကိုပါ ထည့်သွင်း တောင်းဆိုကြ ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမျိုးသား အရေးပေါ် ဥပဒေ လို့ ခေါ်တဲ့ ဒီပိတ်ဆို့မှုဟာ ဒီလထဲမှာ သက်တမ်း ကုန်မှာမို့ ဆက်ပြီး သက်တမ်းတိုးဖို့ တောင်းဆို တာပါလို့ ဘားမားကမ်ပိန်း (US) နဲ့ တခြား အဖွဲ့တွေက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသား တွေကို ဆက်ပြီး ထိန်းသိမ်း ထားတာတွေ၊ ပြည်တွင်းစစ် ဆက်တိုက် နေတာတွေ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တွေကို တားဆီး တာတွေ၊ မြောက်ကိုရီးယား လို နိုင်ငံမျိုးနဲ့ ဆက်ဆံ နေတာတွေ ကြောင့် ဒီလို ဆက်ပိတ်ဆို့ဖို့ တောင်းဆို တာလို့ ဆိုပါတယ်။

ဒါ့အပြင် အိုဘားမား အစိုးရ အနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကို အမေရိကန် ထောက်ခံတယ် ဆိုတာ ပြတ်ပြတ် သားသား ပြဖို့ မြန်မာပေါ် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အရေးယူ ဒဏ်ခတ်မှု တွေ သက်တမ်း တိုးရမယ်လို့ သူတို့က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ