ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေး ကျင်းပ

Image caption အစည်းအဝေးကို သံဃာ အပါး ၂၅၀၀ ကျော် တက်ရောက်

မြန်မာ နိုင်ငံမှာ ၁၉ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် ဗုဒ္ဓဘာသာ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်းအဝေး တရပ်ကို ရန်ကုန်မြို့ ကမ္ဘာအေး ဘုရား မှာ ကျင်းပ နေရာမှာ သံဃာတော် ၂၅၀၀ ကျော် တက်ရောက်နေကြ ပါတယ်။

အခု ကျင်းပနေတဲ့ ညီလာခံ မှာ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ကို တရားဝင် အသိအမှတ် ပြု မပြု ဆုံးဖြတ်ဖို့ ရှိတယ်လို့ သံဃာ့ မဟာနာယက ဆရာတော် တစ်ပါး ဖြစ်တဲ့ ဆရာတော် ဦးနန္ဒသာရ က မိန့်ပါတယ်။

ဒါ့အပြင် သံဃာ့ မဟာနာယက အဖွဲ့ရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်း တချို့ကို ပြန်လည် ပြုပြင်ဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

စစ်အစိုးရ လက်ထက်တုန်းက ကန့်သတ်မှုတွေ ရှိခဲ့သလို အစည်းဝေး ကျင်းပဖို့ လိုအပ်တဲ့ ရန်ပုံငွေလည်း မရှိခဲ့တဲ့အတွက် နှစ်ပေါင်းများစွာ အစည်းဝေး မကျင်းပနိုင်ခဲ့တာ ဖြစ်တယ်လို့လည်း အဲဒီ ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ