ရန်ကုန်-မန္တလေးလမ်း တိုးချဲ့မယ်

highway ဓာတ်ပုံ မူပိုင် AP
Image caption ကျပ် ဘီလျံ ၉ဝဝ ကျော် ကုန်တဲ့ လမ်းမကြီး

လူအများ အပြား သေဆုံးခဲ့ရတဲ့ ယာဉ် မတော်တဆမှု အပြီးမှာ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ကို လမ်းစနစ် လုံခြုံရေး အတွက် ၄ လမ်းသွား ကနေ ၈ လမ်း သွား အထိ တိုးချဲ့ အဆင့်မြှင့်တင် တော့မှာ ဖြစ်ပါတယ်။

ယာဉ်မောင်း တွေကြောင့် ဖြစ်တဲ့ ပြဿနာတွေ လျှော့ချနိုင်ဖို့ လည်း အမြန်လမ်းမကြီးများ ဥပဒေ ပြဋ္ဌာန်းနိုင်ရေး ကို လာမယ့် လွှတ်တော်မှာ တင်ပြဖို့ ရှိတယ်လို့ ရန်ကုန်-မန္တလေး အမြန်လမ်း ပြင်ဆင် ထိန်းသိမ်းရေး အဖွဲ့က အင်ဂျင်နီယာ မှူးကြီး ဦးကြည်ဇော်မြင့် က ပြောပါတယ်။

ရန်ကုန်-မန္တလေး လမ်းမကြီး အဆင့်မြှင့်ရာမှာ နိုင်ငံတကာက လိုအပ်တဲ့ ငွေကြေးနဲ့ နည်းပညာ အကူအညီတွေ ရဖို့ အစိုးရက ဆွေးနွေး နေသလို ဒီနှစ်ထဲမှာပဲ အမြန် လမ်းမကြီးများ ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ ကိုလည်း ဆောက်လုပ်ရေး ဌာနက ဆောင်ရွက် နေတယ်လို့ ပြောပါတယ်။ မိုင် ၃ဝဝ ကျော် ရှည်တဲ့ ရန်ကုန်-မန္တလေး လမ်းမကြီး ကို ငွေကျပ် ဘီလျံ ၉ဝဝ ကျော် အကုန်ကျခံ ဆောက်လုပ်ခဲ့ပေမယ့် ယာဉ်မတော်တဆမှုတွေ ခဏခဏ ဖြစ်နေတော့ ဒီလမ်းကြီး အဆင့်မြှင့်ဖို့ အစိုးရ က ထပ်မံ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။

ဒီလမ်းကို နိုင်ငံတကာ အဆင့်မီ အမြန် လမ်းမကြီး အဆင့်အထိ ဆောက်လုပ်ဖို့ ကုန်ကျစရိတ် မတတ်နိုင် ခဲ့တဲ့အတွက် ကွန်ကရစ်လမ်း အဖြစ် သုံးစွဲရတာ ဖြစ်တယ် လို့ ဆိုပါတယ်။ ဒီလမ်းမကြီး ပေါ်မှာ လူပေါင်း (၁၄)ဦးသေဆုံးပြီး (၂၉)ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ယာဉ်မတော်တဆမှု မှာ ရာဇာမင်း ခရီးသည်တင် ယာဉ်လိုင်းဟာ မဆင်မခြင် မောင်းနှင်မှု နဲ့ ခရီးသည် တွေကို လုံခြုံစွာ သယ်ယူ ပို့ဆောင် ရာမှာ စနစ်တကျ ကြီးကြပ်ဖို့ အားနည်း ခဲ့တယ် ဆိုပြီး ဒီယာဉ်လိုင်း ရဲ့ ရန်ကုန်-နေပြည်တော် ခရီးစဉ် ပြေးဆွဲခွင့် ကို အစိုးရက ပိတ်သိမ်း လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ