အိန္ဒိယ အစိုးရသစ် မြန်မာအပေါ် သဘောထား သိပ်ပြောင်းမယ်မထင်

ဘီဂျေပီပါတီမှ ဝန်ကြီးချုပ်လောင်း မစ္စတာမိုဒီ
Image caption ဘီဂျေပီပါတီမှ ဝန်ကြီးချုပ်လောင်း မစ္စတာမိုဒီ

အိန္ဒိယ နိုင်ငံမှာအခုချိန်အထိ အစိုးရ အဆက်ဆက်နဲ့ ညွန့်ပေါင်း အစိုးရတွေဟာ အရှေ့မျှော် ပေါ်လစီအရ မြန်မာနိုင်ငံနဲ့ ဆက်ဆံခဲ့လို့ အခုတက်လာမယ့် ဘီဂျေပီ ပါတီကလည်း လက်ရှိမူဝါဒ အတိုင်းသွားနိုင်တယ်လို့ မြန်မာ့ အရေးလေ့လာ အကဲခတ်သူ အိန္ဒိယရှိ ဒေါက်တာ တင့်ဆွေက ဘီဘီစီကိုပြောပါတယ်။

ဒါပေမယ့် အခု အနိုင်ရတဲ့ ဘီဂျေပီပါတီဟာ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်မှာဖြစ်လို့ သူ့ပါတီရဲ့မူဝါဒကို ပိုထင်ဟပ်မယ့် နိုင်ငံခြားရေး ပေါ်လစီမျိုး ကျင့်သုံးနိုင်တယ်လို့ သူကဆက် ပြောပါတယ်။

အခုဝန်ကြီးချုပ် အသစ်ဖြစ်လာမယ့် မစ္စတာမိုဒီ မဲဆွယ်ကာလမှာ အာသံပြည်နယ်အတွင်း ဝင်ရောက်လာတဲ့ ဘင်္ဂလားဒက်ရှ်က မွတ်စလင်ကိစ္စကို တင်းမာတဲ့ သဘောထား မျိုးထားရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ဒီလိုကိစ္စတွေ အပေါ်လည်း သူ့ဝါဒတွေ တစုံတရာ သက်ရောက် နိုင်တယ်လို့ဆိုပါတယ်။

ဒါ့အပြင်ကုလားတန်မြစ်ကြောင်း စီမံကိန်း စစ်တွေဆိပ်ကမ်း စီမံကိန်း သုံးနိုင်ငံလမ်းဖေါက်တဲ့လုပ်ငန်းတွေလည်း တစုံတရာပြောင်းလဲမယ်လို့ မယုံကြည်ကြောင်း ဒေါက်တာတင့်ဆွေက ဘီဘီစီကို ပြောကြားသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ