မုန်တိုင်း ရခိုင်ကို ဦးတည်

rakhine map ဓာတ်ပုံ မူပိုင် bbc
Image caption ရခိုင် ကမ်းရိုးတန်းနဲ့ မုန်တိုင်း အန္တရာယ်

မေလ၂၂ ရက် မနက် ၁၁ နာရီ ကစပြီး ဘင်္ဂလား ပင်လယ်အော် ထဲက မုန်တိုင်းငယ် ဟာ ရခိုင် ကမ်းရိုးတန်းကို ဦးတည် နေပြီလို့ မိုးလေဝသက သတင်း ထုတ်ပြန် လိုက်ပါပြီ။

မြန်မာပြည်ကို ဦးတည် နေပြီမို့ လိမ္မော်ရောင် အဆင့်နဲ့ ဒီနေ့ နေ့လယ် ကစပြီး မုန်တိုင်း သတိပေးချက် တွေကို ရုပ် မြင်သံကြား၊ ရေဒီယိုတွေ ကနေ တနာရီ တခါ လောက် ထုတ်ပြန် နေပါပြီ ။

နိုင်ငံတကာ မုန်တိုင်း လမ်းကြောင်း ခန့်မှန်းချက် အချို့က ရခိုင် ပြည်နယ် မြောက်ပိုင်းကို ဖြတ်ကျော် တာ ပြပေမယ့် တချို့ မုန်တိုင်း လမ်းကြောင်းတွေ ကျတော့ ရခိုင် ကမ်းခြေကို မဖြတ်ဘဲ ကမ်းလျှောက် ပြီး အနောက် မြောက်ဘက် ပြန်ရွေ့ တာတွေ လည်း တွေ့ရပါတယ်။

ဒီမုန်တိုင်း မြန်မာနိုင်ငံ ကို ဝင်ဖို့သေချာပြီ ဆိုရင်တော့ အနီရောင် အဆင့် ကြေညာချက် ထုတ်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ဘီဘီစီကို ပြောကြား ပါတယ်။

မုန်တိုင်း အရှိန်ကြောင့် ဧရာ၀တီတိုင်း၊ ရခိုင် ပြည်နယ် တွေမှာ နေရာအနှံ့ မိုးထစ်ချုန်း ရွာပြီး ဒေသ အလိုက် မိုးကြီးဖို့ ရှိသလို မြစ်ဝကျွန်းပေါ်၊ ရခိုင် ကမ်းရိုးတန်း နဲ့ ကမ်းလွန် ပင်လယ်မှာ မိုးသက် လေပြင်း ကျရောက် ပြီး လှိုင်းကြီးမယ် လို့ ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ