ဘာသာ ကူးပြောင်းခြင်း ဥပဒေကြမ်း

Monks conference in Burma ဓာတ်ပုံ မူပိုင် AP
Image caption သံဃာတော်တွေ ဦးဆောင်တဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့က မျိုးစောင့် ဥပဒေ တွေကို ထောက်ခံ

မေလ ၂၇ ရက် နေ့မှာ ထုတ်ပြန်လိုက်တဲ့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ မူကြမ်း အရ ဘာသာ ကူးပြောင်းလိုသူ ဘယ်သူ မဆို နိုင်ငံတော်ရဲ့ ခွင့်ပြုချက်ကို အရင် ရယူမှာ ဖြစ်ပါတယ်။

မြန်မာ ဘာသာနဲ့ ရေးသားတဲ့ သတင်းစာတွေထဲမှာ မူကြမ်းကို ဖော်ပြထားပြီး အကြံပြုချက် တွေပေးကြဖို့ ကိုလည်း ဖိတ်ခေါ်လိုက် ပါတယ်။

ဒီဥပဒေ မူကြမ်းဟာ နိုင်ငံသားတိုင်း လွတ်လပ်စွာ ကိုးကွယ် ယုံကြည်နိုင်ခွင့် ရှိစေဖို့၊ ဘာသာ ကူးပြောင်းရာမှာ ကိုယ်ဆန္ဒကို ဆန့်ကျင်ပြီး သွေးဆောင် ခြိမ်းခြောက် ကူးပြောင်းခိုင်းခြင်း မခံရစေဖို့ စတဲ့ ရည်ရွယ်ချက် တွေနဲ့ ရေးဆွဲတာလို့ ဆိုပေမဲ့ မူကြမ်းပါ အချက်တွေက ရည်ရွယ်ချက် တွေနဲ့ကိုက်ညီမှု မရှိဘူးလို့ တရား လွှတ်တော် ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

မူကြမ်းထဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးမှသာ ဘာသာ ကူးပြောင်းခွင့် လျှောက်ထားနိုင်ပြီး အစိုးရက ဖွဲ့ပေးထားတဲ့ မှတ်ပုံတင် အဖွဲ့က စိတ်ကြိုက် စိစစ်ပြီးမှသာ ကူးပြောင်းနိုင်ခွင့် ရမှာ ဖြစ်ပါတယ်။

မိဘများရဲ့ သဘောတူ ခွင့်ပြုချက် အရ အသက် ၁၈ နှစ် မပြည့်ခင် ထိမ်းမြား နိုင်ခွင့် ရှိတဲ့ ဘာသာကြီး တွေလည်း ရှိနေတော့ သူတို့ အပေါ် ဘာယ်လို သတ်မှတ်မလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဦးအောင်သိန်းက ပြောပါတယ်။

ဒါကြောင့် ဒီမူကြမ်းဟာ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ ခွဲခြား ဆက်ဆံမှု ရှိတဲ့ အရိပ် အယောင် တွေ့ရတယ် လို့လည်း သူက သုံးသပ် ပါတယ်။

ဘာသာ ကူးပြောင်းခွင့် ရဖို့ အချိန် ကာလ ၃ လ သတ်မှတ် ထားပါသေးတယ်။

နိုင်ငံတော် သမ္မတရဲ့ အမိန့်အရ သာသနာရေး ဝန်ကြီးဌာန က ရေးဆွဲခဲ့တဲ့ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေမှာ အခန်း ၇ ခန်း ပါရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ