ကျောက်ဖြူ အထူးစီးပွားရေးဇုန် နေရာရွှေ့ရမယ်

Image caption ကျောက်ဖြူက ထွက်တဲ့ သဘာဝ ဓာတ်ငွေ့ တွေကို တရုတ် နိုင်ငံကို တင်ပို့နေတာလည်း ဖြစ်ပါတယ်

ရခိုင် ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး ရည်ရွယ်ချက် နဲ့ တည်ဆောက်မယ့် ကျောက်ဖြူ အထူး စီးပွားရေး ဇုန်ရဲ့ သတ်မှတ် ထားတဲ့ နေရာမှာ ရွံ့မီးတောင် တည်ရှိ နေတဲ့ အတွက် အခု အခါ နေရာ ရွှေ့ရမယ်လို့ သိရပါတယ်။

SEZ လို့ အတိုကောက် လူသိများ နေတဲ့ ကျောက်ဖြူ အထူး စီးပွားရေး ဇုန်ကို ကျောက်ဖြူ မြို့နယ် စစ်တောနဲ့ ဆည်မော်ရွာ ဘက်မှာ တည်ဆောက်ဖို့ စီစဉ် ထာပြီးမှာ အနီး အနားမှာ ရွံ့မီးတောင် တည်ရှိ နေတဲ့ အတွက် အခု အခါ ကျောက်ဖြူမြို့ တောင်ဘက် (၁၀) ကီလိုမီတာ ခန့် အကွာ အဝေးမှာ ရှိတဲ့ ကန္နီးရွာ ဘက်ကို ရွှေ့ဖို့ စီစဉ် နေတယ်လို့ သိရပါတယ်။

အဲဒီ စီးပွားရေးဇုန် အတွက် ဌားရမ်း ထားတဲ့ နိုင်ငံ တကာ အကြံပေး ကုမ္ပဏီက မသင့်တော်လို အကြံပြု လာတဲ့ အတွက် ခုလို ရွှေ့ဖို့ စီစဉ် ရတာ ဖြစ်တယ်လို့ စီးပွားရေးဇုန် တင်ဒါ ရွှေးချယ်ရေးနဲ့ စိစစ်ရေး ကော်မီတီ တွဲဘက် အတွင်းရေးမှူး ဦးအောင်ကျော်သန်းက ပြောပါတယ်။ ယခင် သတ်မှတ် ထားတဲ့ စီးပွားရေး ဇုန်ရဲ့ နေရာဟာ ပင်လယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ဖို့ အတွက်ပါ အကွက်ကောင်း ဖြစ်ပေမယ့် ၂ ကီလိုမီတာ အကွာ အဝေးမှာ မီးတောင် တည်ရှိရာ ကနေ ခုလို ပြောင်းရွှေ့ဖို့ ဖြစ်လာ တာပါ။

လက်ရှိ အခြေအနေမှာတော့ အသစ် တည်ဆောက်မယ့် စီးပွားရေး ဇုန်နေရာကို ရွှေးချယ်ပြီး စစ်ဆေး မူတွေ ပြုလုပ် နေတယ်လို့ သိရပါတယ်။ ကျောက်ဖြူ စီပွားရေး ဇုန်ကို အဆင့်တွေ သတ်မှတ်ပြီး ၂၀၁၅ ခုနှစ်မှာ စတင် တည်ဆောက် မယ်လို့ ဦးအောင်ကျော်သန်းက ပြောပါတယ်။ အခု လုပ်မယ့် စီးပွားရေးဇုန်ဟာ Gov to Govn လုပ်တာ မဟုတ်ဘဲ အစိုးရရော၊ နိုင်ငံ တကာက ရင်းနှီး မြုပ်နှံမယ့် ကုမ္ပဏီတွေရော၊ ဒေသခံ ပြည်သူတွေ ရော အားလုံး ဝိုင်းဝန်း ပူးပေါင်း လုပ်ကိုင်မယ့် စီးပွားရေးဇုန် ဖြစ်တယ် လို့လည်း သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ