မဟာချိုင် မြန် မာလုပ် သားတွေ အခြေအနေ

thai worker ဓာတ်ပုံ မူပိုင် AP
Image caption ရေ လုပ် ငန်း ကုန် ကြမ်းက ကုန်ချောထိ ထုတ် လုပ်

ဘန် ကောက် အနောက်တောင် ဘက် မိုင် ၃ဝ က မဟာချိုင်မှာ မြန်မာ တ သန်း ကျော် လောက် ရှိ မယ် လို့ ခန့် မှန်းကြပါတယ် ။

ဒီမှာ ထိုင်းနိုင်ငံ က အဓိက ငါးဖမ်း ရေ လုပ် ငန်း ကို ကုန် ကြမ်းကနေ ကုန်ချောထိ ထုတ် လုပ် တဲ့ နေရာ ဖြစ်ပါတယ် ။

တချို့ စက် ရုံတွေ ဆိုရင် လုပ် သား သောင်း နဲ့ချီ ပြီး ရှိပါတယ် ။

ပြီး ခဲ့တဲ့ ရက်ပိုင်းက ထိုင်းမှာ စစ်တပ်က အာဏာသိမ်း ပြီး တော့ မဟာချိုင် က မြန်မာ လုပ် သားတွေ လုပ် ငန်း ခွင် မှာ ထိခိုက် မှု တွေ ရှိပါတယ် ။

ထိုင်း နိုင်ငံ ရေး အပြောင်း အလဲ ကို သေသေချာချာ မသိပေမယ့် လုပ် ငန်းခွင် အပြောင်း လဲတွေ ရှိ တယ် လို့ မဟာချိုင် မြန်မာ လုပ်သား တွေက ပြောပါတယ် ။ ဒီအ လုပ် သမားတွေ ကို မှီ ခိုပြီး ရောင်း နေရတဲ့ ထမင်းဆိုင် ကွမ်းယာဆိုင် တွေ မှာ လဲ ရိုက် ခတ် ပါတယ် ။

ထိုင်း နိုင်ငံ ရေးအခြေအနေ ဟာ ညမထွက် ရ အမိန့်တွေ လျှော့ ပေါ့ လာပေမယ့် ဆန့်ကျင်ဆန္ဒပြ မှုတွေ ကို ဖမ်း ဆီး နေပါတယ် ။

ထိုင်းစီးပွားရေး လုပ် ငန်းတွေ ထိခိုက် လာလို့ မြန်မာ လာအို မလေးရှား နယ်စပ်တွေ မှာ အထူးစီးပွားရေး ဇုန်တွေ အကောင်ထည်ဖော် မယ်လို့ ထိုင်းအာဏာ သိမ်း အစိုး ရက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ