ကျေးရွာ NLD ခေါင်းဆောင် အသတ်ခံရ

Hopone
Image caption ဟိုပုန်းမြို့အဝင်

ရှမ်းပြည်နယ် ဟိုပုံး မြို့နယ် မိုင်းပျဉ်းရွာ အန်အယ်လ်ဒီ ဒုတိယ ဥက္ကဌ သတ်ဖြတ် ခံခဲ့ရပါတယ်။

ဇွန်လ ၄ ရက် ညက ဦးစံထွန်းခေါ် စိုင်းစံထွန်းကို လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့က လူနှစ်ယောက်က မိသားစု ရှေ့မှာပဲ လာခေါ်သွားပြီး တယ်လို့ မိသားစုက ပြောကြောင်း အန်အယ်လ်ဒီ ရှမ်းပြည်နယ် ဥက္ကဌ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

မိသားစုက တော့ လာခေါ်သူဟာ SSA ခွဲထွက် အဖွဲ့ကလို့ ယူဆကြောင်း ပြောပါတယ်။

ဒီဖြစ်ရပ်ကို စုံစမ်း စစ်ဆေးနေတဲ့ ဟိုပုံး မြို့နယ်ရဲတပ်ဖွဲ့မှုး ဦးမောင်မောင်ဝင်းကတော့ ဘယ်လက်နက်ကိုင် အဖွဲ့က လုပ်သွားတယ်ဆိုတာ ရဲတပ်ဖွဲ့ အနေနဲ့ အတတ်မပြောနိုင်သေးဘူး၊ ဆက်လက် စုံစမ်း နေတုန်းပဲလို့ ပြောပါတယ်။

သေဆုံးသူ စိုင်းစံထွန်းဟာ အဲဒီဒေသမှာ အစိုးရ သိမ်းဆည်း ထားတဲ့ လယ်မြေတွေ ပြန်ရရေး ဆောင်ရွက်နေသူ ဖြစ်လို့ အာဏာပိုင်တွေနဲ့ မကျေလည်မှုတွေ ရှိခဲ့ဖူးပေမဲ့ လက်နက်ကိုင်တွေနဲ့ တိုက်ရိုက် ပတ်သက်တာ မရှိဘူးလို့ အန်အယ်လ်ဒီအသိုင်းအဝိုင်းက ပြောပါတယ်။

အခုလက်ရှိ အခြေအနေရ မြေယာကိစ္စတွေ လုပ်နေတဲ့ အန်အယ်လ်ဒီ ပါတီ၀င်တွေကို မြို့ပေါ် အရပ်တွေမှာ ယာယီ ပြောင်းရွှေ့ နေကြဖို့ ပြည်နယ် အန်အယ်လ်ဒီက သတိပေးထားပါတယ်။

ဒီကိစ္စကို အခု ကျင်းပနေတဲ့ လွှတ်တော်မှာ အရေးကြီး အဆိုတစ်ရပ်အနေနဲ့ တင်သွင်းဖို့ စီစဉ်နေတယ်လို့လည်း ဒေါ်ခင်မိုးမိုးက ဘီဘီစီကိုပြောပါတယ်။