အိုရီဒူး ဆန့်ကျင်ရေး လှုပ်ရှားမှု ပေါ်

ooredoo ဓာတ်ပုံ မူပိုင် AP
Image caption အင်တာနက်နဲ့ ဖုန်းဆင်းမ်ကဒ် ဖြန်ဖို့ ဝင်လာတဲ့ အိုရီဒူး

မြန်မာနိုင်ငံမှာ မကြာခင် ဖြန့်ချီတော့ မယ့်၊ အိုရီဒူး Ooredoo ဆက်သွယ်ရေး ကုမ္ပဏီ ရဲ့၊ မိုဘိုင်း တယ်လီဖုန်း ဆင်းမ်ကဒ်တွေ မသုံးစွဲရေး ကို၊ မျိုးချစ် သံဃာတော်တွေ နဲ့ မျိုးချစ်ပြည်သူများ အဖွဲ့ အမည်နဲ့ ဟောပြောမှု တွေ ပြုလုပ် လာနေပါတယ်။

အဆိုပါ ကုမ္ပဏီဟာ ကာတာနိုင်ငံ အခြေစိုက် အစ္စလာမ်ဘာသာဝင် တို့ရဲ့ စီးပွားရေး လုပ်ငန်း တစ်ခု ဖြစ်တဲ့ အချက်အပေါ် အခြေခံပြီး၊ အခုလို Ooredoo ကုန်ပစ္စည်း အမှတ်တံဆိပ် နဲ့ ထုတ်ကုန်အပေါ် သပိတ်မှောက်ဖို့ အမျိုးသားရေး လှုပ်ရှားမှု အသွင် ဆော်ဩ လုပ်ဆောင် လာကြတာပါ။

Ooredoo ဖုန်း ကဒ်တွေ မသုံးဖို့ အပြင်၊ Ooredoo ဆင်းမ်ကဒ်ကို အသုံးပြု ခေါ်ဆိုလာမယ် ဆိုရင်လည်း ပြန်လည် မဖြေကြားဖို့နဲ့၊ Ooredoo ကုမ္မဏီမှာ ဝန်ထမ်းလုပ်တာမျိုးတွေလို ပတ်သက်မှုမျိုးတွေ မလုပ်ကြဖို့ ဟောပြောနေတာ ဆိုပြီး၊ အဲဒီလှုပ်ရှားမှုရဲ့ ဦးဆောင် သံဃာတော် တစ်ပါးဖြစ်တဲ့ မြောက်ဒဂုံ မကွေးပရိယတ္တိ စာသင်တိုက်ရဲ့ ပဓါန ဆရာတော် ဦးပါမောက္ခက ပြောပါတယ်။

Ooredoo ကုမ္ပဏီဘက်က ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့ ဆက်ဆံရေး မန်နေဂျာ ဒေါ်သီရိကြာညို ကတော့၊ Ooredoo ဟာ အများပိုင် နိုင်ငံတကာ ကုမ္ပဏီ တစ်ခု ဖြစ်သလို၊ မြန်မာပြည် က ရုံးဝန်ထမ်း အရေအတွက် ကို ကြည့်ရင်လည်း၊ မြန်မာနိုင်ငံသား ၇၄ % ရှိပြီး၊ ကျန် ၂၆% ကလည်း နိုင်ငံပေါင်း ၄၀ ကျော် က ကျွမ်းကျင်သူတွေ နဲ့ စုဖွဲ့ထားတာ ဆိုပြီး ရှင်းပြပါတယ်။

နိုင်ငံတကာ ကျွမ်းကျင်သူ ပညာရှင်တွေ က ဒေသခံ ဝန်ထမ်းတွေ ကို လေ့ကျင့်ပေးပြီးတဲ့ အခါ၊ Ooredoo ဟာ မြန်မာနိုင်ငံသား ရာနှုန်းပြည့်နဲ့ လည်ပတ်မယ် ဆိုပြီး တော့လည်း ဒေါ်သီရိကြာညို က ပြောတဲ့ အပြင်၊ ဒေသခံတို့ရဲ့ လူမှု အကျိုးပြု လုပ်ငန်းတွေမှာ လည်း ပါဝင်သွား ဖို့ အစီအစဉ်တွေ ရှိကြောင်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ