ဘာသာပြောင်း ဥပဒေ မပြဌာန်းဖို့ CHRO တောင်းဆို

Image caption ပြဌာန်း လိုက်မယ် ဆိုရင် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ကို မတရား ချုပ်ချယ်ရာ ရောက်မယ်

မြန်မာ နိုင်ငံမှာ ကိုးကွယ်မှု ဘာသာ ကူးပြောင်း ချင်း ဆိုင်ရာ ဥပဒေတွေ မပြဌာန်းဖို့ ထိုင်း နိုင်ငံ အခြေစိုက် ချင်းလူ့အခွင့် အရေး အဖွဲ့(CHRO) က တောင်းဆို လိုက်ပါတယ်။

အဖွဲ့ အစည်းပေါင်း ၈ဝ က လက်မှတ် ထိုးပြီး အခုလို ကန့်ကွက် လိုက်တာ ဖြစ်ကြောင်း CHRO ရဲ့ ဒါရိုက်တာ ဆလိုင်း ဇာအုပ်လျှမ်း က ဘီဘီစီကို ပြောပါတယ်။

ဒီလို ပြဌာန်း လိုက်မယ် ဆိုရင် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် ကို မတရား ချုပ်ချယ်ရာ ရောက်မယ်၊ နောက်ပြီး အမုန်းပွားမှု ဟောပြော သူတွေ ကိုလည်း အားပေးရာ ရောက်တယ်လို့ သူက ပြောပါတယ်။

နိုင်ငံသား စိစစ်ရေး ကဒ်ပြားမှာ ကိုးကွယ်သည့် ဘာသာ ဆိုတာကို ထည့်စရာ မလိုကြောင်းကိုလည်း CHRO က ထောက်ပြထား ပါတယ်။

အခု သာသနာရေး ဝန်ကြီးဌာနလည်း လူများစု ဘာသာဝင် တွေကို အားပေးတဲ့ ဌာနလို ဖြစ်နေတဲ့ အတွက်၊ ဒီဝန်ကြီး ဌာနကို ဖျက်သိမ်းကာ လွတ်လပ်ပြီး ဘက်မလိုက် တဲ့ ကော်မရှင် ပုံစံမျိုး ထားသင့်တယ် လို့လည်း ဆလိုင်း ဇာအုပ်လျှမ်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ