သံဃာတွေ ကို လူဝတ်လဲမှု အပေါ်တုံ့ပြန်သံများ

Santisuka Monastery was stormed by police at midnight on 10 June ဓာတ်ပုံ မူပိုင် bbc
Image caption မဟာသန္တိသုခ ကျောင်းကို ရဲအင်အား အလုံး အရင်းနဲ့ ဝင်စီးခဲ့

ရန်ကုန်မြို့ မဟာ သန္တိသုခ ကျောင်းက ပီနန် ဆရာတော်ကြီး ဦးပညာဝံသရဲ့တပည့် အင်္ဂလန် နိုင်ငံ သာသနာ့ရံသီ ကျောင်းက ဆရာတော် ဦးဥတ္တရ အပါ အဝင် သံဃာ ၅ ပါးကို သာသနာရေး ဝန်ကြီး ဌာနက အတင်းလူဝတ်လဲပြီး ဖမ်းဆီးထား ပါတယ်။

အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး ရဟန်းတော်တွေ ကြားမှာ မကျေနပ်မှုတွေ ဖြစ်ပြီး အမြင်တွေလည်း အမျိုးမျိုးဖြစ်နေ ပါတယ်။

အမျိုး ဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ကြီးရဲ့ ဦးဆောင် ဆရာတော် အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက်ရဲ့ ပဓါန ဆရာတော် ဦးတိလောကဘိဝံသက မဟာသန္တိသုခကျောင်းကိုဝင်စီး ချိပ်ပတ်ပြီး သံဃာတော်တွေကို အရေးယူတဲ့ လုပ်ရပ်ထက် နှစ်ဖက် တွေ့ဆုံ ဆွေးနွေး ဖြေရှင်းတဲ့နည်းကိုပဲ လိုလား တယ်လို့ ဘီဘီစီကို မိန့်ပါတယ်။

ဒါပေမဲ့ ဦးဝီရသူလို့ လူသိများတဲ့ မန္တလေး မစိုးရိမ် တိုက်သစ် ဓမ္မသဟာရ ကျောင်းက ဆရာတော် ဦးဝိစိတ္တာဘိဝံသ ကတော့ ကိုယ့်ကျောင်းမှာ ကိုယ်နေတဲ့ သံဃာတွေကို အနုကြမ်းဝင်စီးတာ မတရားလုပ်ရပ်လို့ မြင်တယ်၊ လူဝတ်လဲ လိုက်တယ်ဆိုတာ ထောင်ချဖို့ စီစဉ်တာ ဖြစ်တယ် ဒါကြောင့် တိုက်ပွဲကို အရှိန်မြှင့်လုပ်ဆောင်မယ်လို့ ဘီဘီစီကို မိန့်ပါတယ်။

ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာတော်တွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုတယ်လို့ ဦးဝီရသူက ဆိုပါတယ်။

ကိုယ့်ကျောင်းမှာ ကိုယ်နေတာကို ဝင်လာတဲ့ အကြမ်းဖက်တဲ့သူတွေက ထောင်ချတယ်ဆိုတာ ပြောင်းပြန်ဖြစ်နေ တာကြောင့် တုံ့ပြန်ဖို့ လိုတယ်လို့လည်း ဆရာတော်က ဆက်မိန့်ပါတယ်။

မန္တလေးဒေသခံတွေ ကြားမှာလည်း မဟာသန္တိသုခကျောင်းကို ချိပ်ပိတ်ပြီး သံဃာတော်တွေကို လူဝတ်လဲအရေးယူလိုက်တဲ့ အစိုးရရဲ့လုပ်ရပ်ကို အံ့ဩတုန်လှုပ်ပြီး စိတ်မကောင်း ဖြစ်နေကြတယ်လို့ ပြောနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ