ဒေါ်စု နီပေါ မှာ မိန့်ခွန်းပေး

assk ဓာတ်ပုံ မူပိုင် Reuters
Image caption နီပေါ ဝန်ကြီးချုပ်ဟောင်း ရာပြည့် အခမ်းအနား

နီပေါအစိုးရရဲ့ ဖိတ်ကြားချက် အရ နီပေါ နိုင်ငံကို ရောက်နေတဲ့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က နီပေါ ပါလီမန်မှာ Future of Social Democracy ဆိုတဲ့ ခေါင်းစဉ် နဲ့ ဒီမိုကရေစီ ကွန်ဖရင့်မှာ မိန့်ခွန်း ပြောကြား ခဲ့ပါတယ်။

နီပေါ မြန်မာ ချီလီနိုင်ငံ တွေဟာ အစိုးရက အရာရာကို ထိန်းချုပ် ထားတဲ့ အာဏာရှင် စနစ် အောက်မှာ နှစ်ရှည်လများ ကျရောက်ခဲ့တဲ့ အတွက် အခုအခါ ဒီမိုကရေစီ အစိုးရ ဆိုတာ ဘယ်လိုမျိုး ဖြစ်သင့်တယ် ဆိုတာ ဆုံးဖြတ်ရမယ့် အချိန် ဖြစ်တယ်လို့ ပြောပါတယ်။

နောက်တခါ ဆိုရှယ် ဒီမိုကရေစီ ဆိုတာ နိုင်ငံရေး ပါတီ အားလုံး ဘာသာ အားလုံး လူမျိုးနဲ့ အတွေးအခေါ် အားလုံး ညီညီညွတ် ပါဝင် ကြပြီး အစိုးရ ဆိုတာ လူအဖွဲ့အစည်းရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် တိုင်းပြည် အနာဂတ် ဆုံးဖြတ်တဲ့ နေရာမှာ လူတွေ အားလုံး ပါဝင်ဖို့ လူထု အခြေပြု အဖွဲ့အစည်း တွေ ပါဝင်မှ ဆိုရှယ် ဒီမိုကရေစီ ဖြစ်တယ်လို့ ပြောပြီး မြန်မာပြည်မှာ ဒီမိုကရက်တစ် အစိုးရ ဘာဆိုတာ ရှင်းပြ နေရတုန်းပဲ လို့ဆိုပါတယ်။

ဆက်လက်ပြီး နီပေါရဲ့ ပြောင်းလဲလာတဲ့ အုပ်ချုပ်ရေး စနစ်မှာ တဘက်နဲ့ တဘက် ညှိနှိုင်း အပေးအယူ လုပ်တာကို မြန်မာ နိုင်ငံမှာ အတုခိုးဖို့ လိုကြောင်း ပြောပြီး နီပေါ စစ်တပ်ဟာ Professional ဖြစ်ကြောင်း ပြောပါတယ်။

မြန်မာစစ်တပ် ကလည်း professional ဖြစ်ဖို့ လိုပြီး မြန်မာပြည် ဆိုရှယ် ဒီမိုကရေစီ ဖြစ်ဖို့ စစ်တပ်က စစ်သား ပီသတဲ့ တပ်မတော် မျိုး အရင် ပြောင်းဖို့ လိုမယ်လို့ ထောက်ပြ သွားပါတယ်။

နီပေါ ဝန်ကြီးချုပ်ဟောင်း BP Koirala ရဲ့ ရာပြည့်မွေးနေ့ အထိမ်းအမှတ် ဒီမိုကရေစီ ကွန်ဖရင့် တက်ဖို့ နီပေါနိုင်ငံကို အစိုးရ ဖိတ်ကြားချက် အရ ၄ ရက် ခရီး ရောက် နေတာ ဖြစ်ပါတယ်။

မနက်ဖန် မှာတော့ ဗုဒ္ဓ ဖွားမြင်ရာ လုမ္ဗနီ ဥယျာဉ်ကို သွားရောက်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ