ရခိုင် ခေါင်းဆောင်တွေ တရုတ်ပြည်သွား

china ဓာတ်ပုံ မူပိုင် china
Image caption ဘေဂျင်း မှာ ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

RNDP နဲ့ ALD တို့ ပေါင်းစည်းလိုက်တဲ့ ရခိုင်အမျိုးသား ပါတီက ခေါင်းဆောင် တွေကို တရုတ်ပြည် ကွန်မြူနစ်ပါတီက ဖိတ်ကြားတဲ့ အတွက် ခေါင်းဆောင် (၃) ဦး တရုတ်ပြည်ကို ထွက်ခွာမယ် လို့ သိရပါတယ်။

အရင် ရခိုင် နိုင်ငံရေး ပါတီတွေကို တရုတ်ပြည် အစိုးရ ကသာ ဖိတ်ကြားလေ့ ရှိပေမယ့် ဒီတကြိမ် မှာတော့ တရုတ်ပြည် ကွန်မြူနစ် ပါတီက တိုက်ရိုက် ဖိတ်ကြားပါတယ်။

ဒီခရီးစဉ်ကို ရန်ကုန် တရုတ်သံရုံးက တဆင့် ဖိတ်ကြား ပြီး ရခိုင် ပါတီနဲ့ အတူ NDF ပါတီ လည်း ဖိတ်ကြား ခံရတယ်လို့ တရုတ်ပြည် ခရီး လိုက်မယ့် ပါတီ ဗဟို အလုပ် အမှုဆောင် ကော်မီတီ ဝင် ဦးဦးလှစော က ဆိုပါတယ်။

အခု ခရီးစဉ်ဟာ ဇွန်လ ၁၆ ရက်နေ့ က ၂၅ ရက် နေ့ထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

ရခိုင်ခေါင်းဆောင် တွေ တရုတ်ပြည် ခရီးစဉ် အတွင်း ကူမင်းနဲ့ ဘေဂျင်း မြို့ တို့ကို သွားရောက် ကြမှာ ဖြစ်သလို အဲဒီမှာ ကွန်မြူနစ် ပါတီက ခေါင်းဆောင် တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဟာ တရုတ်ပြည်ရဲ့ မြန်မာပြည် ထဲက ရင်းနှီးမြုပ်နှံမှု အများအပြား ပြုလုပ်ထားတဲ့ ပြည်နယ် တခု ဖြစ်သလို စီးပွားရေးနဲ့ စစ်ရေးအရပါ မဟာဗျူဟာ အရ အရေးပါတဲ့ ပြည်နယ် ဖြစ်တာကြောင့် ရခိုင် ခေါင်းဆောင် တွေကို ခုလို ခေါ်ယူတွေ့ဆုံ တာ ထူးခြားတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ