(၄၃၆) ပြင်ဆင်ရေး နယ်လှည့်ဟောပြော

suu
Image caption NLD အနိုင်ရရေး လှုပ်ရှား နေတာ မဟုတ်လို့ဆို

ဒီကနေ့ မနက်က တောင်ငူ နဲ့ ရေတာရှည်မှာ လုပ်တဲ့ ဖွဲ့စည်းပုံ ပြင်ရေး ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ (၄၃၆) ပြင်ရေး လက်မှတ် ရေးထိုး လှုပ်ရှားမှုကို ပြည်သူတွေ ပိုမို ပူးပေါင်း ပါဝင်ကြဖို့ အဓိကထား ပြောခဲ့ပါတယ်။

ဖွဲ့စည်းပုံ ပြင်ရေး လှုပ်ရှားမှုကို စစ်တပ်က ထောက်ခံဖို့ တိုက်တွန်းခဲ့ သလို ၂ဝ၁၅ ရွေးကောက်ပွဲ မှာ NLD အနိုင်ရဖို့ ဖွဲ့စည်းပုံ ပြင်ဖို့ လှုပ်ရှား နေတာလည်း မဟုတ်ဘူးလို့ ဟောပြောပွဲမှာ ဒေါ်အောင်ဆန်း စုကြည် က ဟောပြော ခဲ့ပါတယ်။

(၂၀၀၈)ဖွဲ့စည်းပုံပြင်ရေး နိုင်ငံတဝန်း လှုပ်ရှားမှု တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ (၈၈) မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူအဖွဲ့အစည်းတို့ မေလ အစောပိုင်း ကတည်းက စတင် နေပြီး ပုဒ်မ (၄၃၆) ပြင်ရေး ထောက်ခံတဲ့ လက်မှတ် ရေးထိုး လှုပ်ရှားမှု ကတော့ ဇူလိုင် ၁၉ ရက် နေ့ မှာ ပြီးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ