မြန်မာပြည်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးလာနေ

Poppy ဓာတ်ပုံ မူပိုင် BBCPashto.com
Image caption မြန်မာပြည်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ ထုတ်လုပ်မှု နှစ်ခုစလုံးတိုးလာ

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ဆက်တိုးနေပြီး ဘိန်းစိုက် ဟက်တာပေါင်း ၅ သောင်း ၇ ထောင်ကျော် ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကကိန်းဂဏန်းအရဆိုရင် ဘိန်း ခန့်မှန်းထုတ်လုပ်မှု တန် ၈၀၀ လောက်ရှိပြီး ဒါဟာ ၄ ပုံ ၁ ပုံလောက် တက်လာတာ ဖြစ်တယ်လို့ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာ ကုလသမဂ္ဂအရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အာဖဂန်နစ္စတန် နိုင်ငံပြီးရင် ဒုတိယအများဆုံး ဘိန်းထုတ်လုပ်တဲ့ နိုင်ငံဖြစ်ဖြစ်ပါတယ်။

နောက်ပြီး မြန်မာနိုင်ငံကနေ မူးယစ်ကင်းစင်ရေးလုပ်ဆောင်နေရာမှာ အရင်ရည်မှန်းချက်ကာလ မမီတော့လို့ ဒီနှစ်ကနေ ၂၀၁၉ ထိ နောက်ထပ် ၅ နှစ် သက်တမ်း ထပ်တိုးထားတယ်လို့လည်း မြန်မာရဲမှူးကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။