ဗိုလ်ချူပ်ကြီး စောတာမလာဘော ကွယ်လွန်

_saw_tar_mala_baw
Image caption ဗိုလ်ချူပ်ကြီး တာမလာဘော

ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ယခင် ဉက္ကဌဟောင်းလည်း ဖြစ်၊ စစ်ဉီးစီးချုပ်ဟောင်း လည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တာမလာဘောဟာ ကြာသပတေးညတုံးက ကွယ်လွန်သွားပြီ ဖြစ်ပါ တယ်။ ဗိုလ်ချုပ်ကြီး တာမလာဘော ကွယ်လွန်ချိန် မှာ ၉၄ နှစ် ရှိပြီ ဖြစ်ပြီး၊ ထိုင်းနိုင်ငံ၊ မဲ့ဆရီယန်းမြို့ က နေအိမ် မှာ ကွယ်လွန်ခဲ့ တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး တာမလာဘော ဟာ ၁၉၄၉ ခုနှစ်၊ ကရင့် တော်လှန်ရေး စတင် ကတည်းက၊ ပါ၀င်ခဲ့သူ ဖြစ်ပြီး၊ ကေအင်ယူ အဖွဲ့မှာ တာ၀န် အဆင့်ဆင့် ယူခဲ့ကာ၊ ၁၉၉၆ ခုနှစ်မှာ စစ်ဉီးစီးချုပ် ဖြစ်လာခဲ့ ပါတယ်။ အဲဒီနောက် ၂၀၀၈ ခုနှစ် ၁၃ ကြိမ်မြောက် ကွန်ဂရက် ကနေ၊ ကေအင်ယူ ရဲ့ ဉက္ကဌ အဖြစ် ရွေးကောက် တင်မြှောက် ခံခဲ့ရ ပါတယ်။

ဗိုလ်ချုပ်ကြီး တာမလာဘော ကို၊ မွန်ပြည်နယ် ဘီလူးကျွန်း ကရင်၀င်းစိန်ရွာ မှာ မွေးဖွားခဲ့ပြီး၊ မော်လမြိုင်မြို့ က မော်တလိန်း ဂျပ်ဆင်ကျောင်း မှာ ပညာသင်ယူ ခဲ့ပါတယ်။ အဲဒီနောက် အင်္ဂလိပ် စစ်တပ်ရဲ့ အမှတ် ၁ ကရင်ရိုင်ဖယ် တပ်ရင်းမှာ အရာရှိ အဖြစ် တာ၀န် ထမ်းဆောင်ခဲ့ပါ တယ်။

လွပ်လပ်ရေး ရပြီးနောက် ကရင့်တော်လှန်ရေး စတင်ချိန် မှာ တောင်ငူမှာ အခြေစိုက်တဲ့ မှတ် ၁ ကရင် ရိုင်ဖယ်တပ်ရင်း တရင်းလုံး ကို ဉီးဆောင်ပြီး တောခိုခဲ့ပါ တယ်။

တောင်ငူမှာ တာ၀န် ထမ်းဆောင်နေစဉ် အတွင်း၊ ကျောင်းဆရာမ နော်ဖေါကော် နဲ့ အိမ်ထောင်ကျကာ၊ သား ၃ ယောက် နဲ့ သမီး ၅ ယောက် ထွန်းကားခဲ့ပါတယ်။

စစ်မှု ထမ်းဆောင်နေတဲ့ သားနှစ်ယောက်ထဲ က သားကြီး ဗိုလ်မှူးချုပ် မဲ့အေးစိန် က စစ်ဉီးစီး ပထမတန်း ဖြစ်ပြီးတော့၊ နောက်သား တယောက်ဖြစ်တဲ့ ဗိုလ်ချုပ် ပီလားစိန် က စစ်ထောက်ချုပ် ဖြစ်ပါတယ်။

သမီး နော်စီဖိုးရာစိန် က လက်ရှိကေအင်ယူ ရဲ့ ဒုတိယဉက္ကဌ တာ၀န် ထမ်းဆောင် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ