မန္တလေး ဆူပူမှု လူအသေအပျောက်ရှိ

Image caption အင်္ဂါနေ့ညက စလို့ မန္တလေးမြို့မှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့

ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တဲ့ မန္တလေးမြို့မှာ ဗုဒ္ဓဟူးနေ့ညက ထိပ်တိုက် ရင်ဆိုင်မှု တချို့ ဖြစ်ပွားခဲ့ပြီး လူ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

ဗလီကျောင်းတွေ ရှေ့ကို ဆိုင်ကယ် အစီး ၃၀၊ ၄၀ လောက်နဲ့ လူတွေ ရောက်လာပြီး ကမ္ဘာမကြေ သီချင်းတွေ ဟစ်ကြွေးခဲ့ကြရာကနေ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဂဠုန်နီ ဆရာတော် ဦးကာဝိဒနဲ့ သံဃာတွေ လာရောက် ဖြန်ဖြေခဲ့ကြတဲ့အတွက် အခြေအနေ တဒင်္ဂ တည်ငြိမ်သွားခဲ့ပေမယ့် နောက်ပိုင်းမှာ အပြန်အလှန် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တယ်လို့ မြို့မိမြို့ဖ တဉီးက ဘီဘီစီကို ပြောပြပါတယ်။

ပဋိပက္ခတွေ အတွင်း ဗုဒ္ဓဘာသာဝင် တဉီးနဲ့ အစ္စလာမ် ဘာသာဝင် တဉီး သေဆုံးခဲ့ကြောင်း ရဲက အတည်ပြု ပြောပါတယ်။