NLD လူငယ် ညီလာခံ ကျင်းပ

nld
ဓာတ်ပုံ ပုံစာ,

နိုင်ငံအနှံ့ လူငယ် ကိုယ်စားလှယ် ၁၅ဝ တက်

ဒီကနေ့ ရန်ကုန်မှာ ကျင်းပတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမ အကြိမ် လူငယ် ညီလာခံ မှာ ပြည်နယ် နဲ့တိုင်း အသီးသီး က လူငယ် ကိုယ်စားလှယ် အယောက် ၁၅ဝ တက်ခဲ့ပါတယ်။

ညီလာခံ ကိုယ်စားလှယ် တွေထဲက ဗဟို လူငယ် လုပ်ငန်းအဖွဲ့ ဝင် တွေကို ရွေးချယ် တင်မြှောက်ပြီး လုပ်ငန်း တာဝန်တွေ ခွဲဝေ ချထား ပေးမှာ ဖြစ်ပါတယ်။

ညီလာခံ လမ်းညွှန် မိန့်ခွန်း မှာတော့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က လူငယ်တွေ အနေနဲ့ ပါတီတွင်း အုပ်စုဖွဲ့ တာတွေ၊ ကိုယ်ကျိုး စီးပွား ရှာတာတွေ မလုပ်ဖို့ ကိုယ့်တာဝန် ကိုယ်ယူဖို့ အဓိကထား ပြောခဲ့ပါတယ်။

သူ့အနေနဲ့ လူငယ် ကိုယ်စားလှယ် တွေကို နေရာ ပေးဖို့ထက် တာဝန် ပေးဖို့ကိုပဲ အဓိကထား စဉ်းစားတယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပြောသွား ပါတယ်။

ညီလာခံ ပထမနေ့ မှာ ခရိုင် မြို့နယ် အသီးသီးက ကိုယ်စားပြု လူငယ် ကိုယ်စားလှယ် တွေထဲက ဗဟို လူငယ်လုပ်ငန်းအဖွဲ့ ဝင် (၁၅)ဦး ကို ရွေးချယ် ခန့်အပ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့ မှာတော့ ပါတီရှေ့ဆက် ဆောင်ရွက်မယ့် မူဝါဒ လမ်းစဉ်တွေ ချမှတ်ဖို့နဲ့ လုပ်ငန်း တာဝန်တွေ ခွဲဝေနိုင်ရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။