နိုင်ငံခြားဘဏ်တွေ ဖွင့်လှစ်ရေး ဆွေးနွေးနေ

central_bank_of_myanmar ဓာတ်ပုံ မူပိုင် central bank of myanmar
Image caption မြန်မာနိုင်ငံ ဗဟိုဘဏ်

တိုင်းပြည်ထဲ နိုင်ငံခြားဘဏ် တွေကို လုပ်ပိုင်ခွင့် ပေးတဲ့အခါ ကြုံတွေ့ လာရနိုင်တဲ့ စိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေ အကြာင်း ဆွေးနွေးပွဲ ကို၊ ပြည်တွင်း ဘဏ်တွေ နဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံ က ဘဏ်တွေ ပူးပေါင်းပြီး၊ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ် မှာ ဇူလိုင် ၁၅ ရက်နေ့က စတင်ပြီး၊ ၃ ရက်ကြာ ကျင်းပ နေပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ် ကနေ အခု ၂၀၁၄ ခုနှစ် ထဲမှာ နိုင်ငံခြားဘဏ် တွေ လာရောက် လုပ်ပိုင်ခွင့် ပေးမယ် ဆိုပြီး ပြောထားပါ တယ်။

မြန်မာနိုင်ငံထဲ မှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ တိုးမြင့် ဝင်ရောက်လာချိန် မှာ၊ လုံလောက်တဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှု တွေ ပေးနိုင်ဖို့ အတွက်၊ နိုင်ငံခြားဘဏ် တွေ လာရောက် ဖွင့်လစ်ဖို့ရာ လိုအပ်ပါတယ် လို့ ပြည်တွင်း ကမ္ဘောဇဘဏ် ရဲ့ အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးညိုမြင့် က ပြောပါတယ်။

နိုင်ငံခြားဘဏ်တွေ ကို လုပ်ကိုင်ခွင့်ပြုတဲ့ အခါ၊ ပြည်တွင်း ဘဏ်တွေကနေ တဆင့် ပြည်တွင်း လုပ်ငန်းတွေ ကို ငွေချေးတာမျိုး လို၊ ပြည်တွင်းဘဏ်တွေနဲ့ ပူးပေါင်း လုပ်ကိုင်စေမှာ ဖြစ်တယ်လို့ ဗဟိုဘဏ်က ပြောထားပါ တယ်။

မြန်မာနိုင်ငံ မှာ လာရောက် လုပ်ကိုင်ဖို့ လျှောက်ထားတဲ့ နိုင်ငံခြား ဘဏ်ပေါင်းဟာ ဂျူလိုင် ၇ ရက် လျှောက်လွှာ ပိတ်ချိန်အထိ ၂၅ ဘဏ်ရှိနေပါတယ်။

လာမယ့် စက်တင်ဘာလထဲမှာ နိုင်ငံခြားဘဏ် ၅ ဘဏ်ကနေ ၁၀ ဘဏ်အထိ ခွင့် ပြုပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ