လူ့အခွင့်အရေး ကိုယ်စားလှယ် ကချင်သွားမယ်

yanghee_lee ဓာတ်ပုံ မူပိုင် bbc
Image caption ယန်ဟီ လီရဲ့ ခရီးစဉ်ကို အသေးစိတ် မထုတ်ပြန်

ကုလသမဂ္ဂ မြန်မာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သစ် မစ္စ ယန်ဟီ လီ ခရီးစဉ် အတွင်း အစိုးရနဲ့ ကေအိုင်အေ ကြား သုံးနှစ်ကြာ စစ်ပွဲတွေ ဖြစ်ခဲ့တဲ့ ကချင် ပြည်နယ် ကို သွားဖို့ စီစဉ် ထား ပါတယ်။

သက်တမ်း ကုန်လို့ တာဝန်က နားသွားတဲ့ မစ္စတာ ကင်တားနား နေရာ ဝင်လာတဲ့ မစ္စ ယန်ဟီ လီ အတွက် အခု ခရီးစဉ်က ပထမဆုံး မြန်မာ ပြည်တွင်း ခရီးစဉ် ဖြစ်ပါတယ်။

မတည်မငြိမ် ဖြစ်ခဲ့တဲ့ ရခိုင်နဲ့ ကချင်ကို ဒီခရီးမှာ အဓိက သွားမှာ ဖြစ်ပြီး မကြာ မီက ဘာသာရေး ပဋိပက္ခ တွေ ဖြစ်ပွား ခဲ့ရတဲ့ မန္တလေးမြို့ ကိုလဲ သွားမှာ ဖြစ်ပါတယ်။

မစ္စ ယန်ဟီ လီ ဟာ မစ္စတာ ကင်တားနားလိုပဲ ကချင် လူထု အခက်အခဲ တွေ ကူညီ ဖြေရှင်းဖို့ စိတ်ဝင်စား စေလိုတယ်လို့ ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့က ဦးလမိုင်း ခွန်ဂျာက ပြောပါတယ်။

တောင်ကိုရီးယားလူမျိုး မစ္စ ယန်ဟီ လီရဲ့ အခု ခရီးစဉ်ကို အသေးစိတ် ထုတ်ပြန်ခြင်း မရှိပါဘူး။

ဒါပေမဲ့ ကချင်ပြည်နယ်ကို ရောက်လာတဲ့အခါ ကချင်ပြည်နယ် အစိုးရ တာဝန်ရှိသူတွေကလဲ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မစ္စ ယန်ဟီ လီကို ကချင် အစိုးရက သွားလိုရာ သွားခွင့်ပေးမှာ ဖြစ်ပြီး အရှိကို အရှိအတိုင်း ဖြေကြား သွားမယ်လို့ ကချင် ဝန်ကြီးချုပ် ဦး La Guan Ngam က ပြောပါတယ်။

ဇူလိုင်လ ၂၆ ရက် အထိ ကြာမယ့် မစ္စ ယန်ဟီ လီရဲ့ ခရီးစဉ် တွေ့ရှိချက်တွေကို အစီရင်ခံစာ ရေးပြီး ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်ပြမှာ ဖြစ်တယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ