နေပြည်တော် NBF အစည်းအဝေး ပြီးစီး

ဓာတ်ပုံ မူပိုင် nbf
Image caption အပစ်ရပ်ရေး မူသဘောထား ကွဲလွဲ တာဟာ အစိုးရ နဲ့ စစ်တပ် အပေါ်မှာ အများကြီး မူတည် နေ

တိုင်းရင်းသား ပါတီ ၂ဝ နဲ့ စုစည်း ထားတဲ့ ညီနောင် တိုင်းရင်းသား ပါတီများ ဖယ်ဒရေး ရှင်း NBF ရဲ့ နေပြည်တော် စုံညီ အစည်း အဝေးမှာ ငြိမ်းချမ်းရေး၊ တိုင်းရင်းသား အခွင့် အရေး၊ ရွေးကောက် ပွဲ ဆိုင်ရာ တွေကို ဆွေးနွေး ခဲ့ကြ ပါတယ်။

သောကြာနေ့မှာ ပြီးဆုံးသွားတဲ့ ဒီ ၂ ရက်ကြာ အစည်း အဝေး ကနေ တနိုင် ငံလုံး အပစ် အခတ် ရပ်စဲရေးကို ဖြစ်နိုင် သမျှ အမြန်ဆုံး ဆောင်ရွက်ဖို့ အားလုံးကို တိုက်တွန်း ကြောင်းနဲ့ အဲဒီ ကနေ နိုင်ငံရေး ဆွေးနွေး မှုတွေ မဖြစ် မနေ လုပ်ဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ တယ်လို့ NBF ပြောရေး ဆိုခွင့် ရှိသူ စောသန်းမြင့်က ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး အတွက် အစိုးရနဲ့ မူအရ သဘောတူ ညီမှု ကွဲလွဲ တာတွေ ရှိနေ တာဟာလည်း လက်ရှိ အစိုးရ နဲ့ စစ်တပ် အပေါ်မှာ အများကြီး မူတည် နေတယ်လို့ သူက ပြောပါတယ်။

အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲ စနစ်ဖြစ်တဲ့ PR ကိုတော့ တိုင်းရင်းသား ဒေသ တွေမှာ လောလော ဆယ် လက်မခံ နိုင်ဘူး လို့ NBF က ဆုံးဖြတ် ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ် ရက်ကို တစ်လပဲ ပေးထား တာကို ရက်ပေါင်း ၆ဝ ပြင်ပေး ဖို့နဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်းရင်းသားတွေ ပါဝင် ဖွဲ့စည်း ပေးဖို့ကို NBF က တောင်းဆို လိုက်ပါတယ်။