မန္တလေး ညမထွက်ရ အချိန်လျှော့ပေါ့

Mandalay Unrest ဓာတ်ပုံ မူပိုင် AFP
Image caption မန္တလေး ဆူပူတိုက်ခိုက်မှု ကြောင့် ညမထွက်ရ အမိန့် ထုတ်ခဲ့ရ

လီဆယ် တိုင်တန်းမှုကို အခြေခံပြီး မန္တလေးမြို့မှာ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဇူလိုင်လ ၃ ရက်နေ့ ညက စတင် ထုတ်ပြန် ထားခဲ့တဲ့ ညမထွက်ရ အမိန့်ကို ဇူလိုင်လ ၂၁ ရက် တနင်္လာနေ့က စတင်ပြီး အချိန်လျှော့ပေါ့ ပေးလိုက် ပါတယ်။

မန္တလေးမှာ တည်ငြိမ်မှု အခြေအနေ တိုးတက်လာတဲ့အတွက် မြို့နယ် ၇ မြို့နယ်မှာ ထုတ်ပြန်ထားတဲ့ ည ၉နာရီကနေ မနက် ၅ နာရီထိ ညမထွက်ရ အမိန့် သတ်မှတ် ချက်ကို ည ၉ နာရီကနေ မနက် ၃ နာရီထိ နှစ်နာရီ လျော့ချပေးလိုက်တာ ဖြစ်ပါတယ်။

ဇူလိုင် ၁ ရက်နဲ့ ၂ ရက်က မန္တလေးမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူ ၂ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့ ပြီးတဲ့နောက် ပုဒ်မ ၁၄၄ အရ ည မထွက်ရ အမိန့် ထုတ်ပြန်ခဲ့တာပါ။

အစ္စလာမ် ဘာသာဝင် အချင်းချင်း လူမှုရေး ပြဿနာတွေဖြစ်ခဲ့ပြီးနောက် လိမ်လည် တိုင်ကြားသူကို အရေးယူထား ပြီလို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြော ပါတယ်။ မန္တလေးမြို့က တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး ကတော့ ပျဉ်းမနားမှာ အမှုဖွင့် တိုင်တန်းထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မန္တလေးမှာ လာဖြစ်တဲ့ ပြဿနာကို အချိန်နဲ့ တပြေးညီ လူတွေ မသိရှိခဲ့တဲ့ အပြင် ပုံကြီးချဲ့ ဝင်ပါသူတွေ များတယ်၊ ဓါးလှံတွေ ကိုင်ဆောင်တိုက်ခိုက် ခဲ့မှုတွေလည်း ဖြစ်ခဲ့တဲ့ အတွက် ဒါဟာ သာမန် လိမ်လည် တိုင်တန်းမှုကို အခြေခံတယ်လို့ မယူဆကြောင်း ပြောပါတယ်။

မုန်းတီးရေး လှုံဆော်သူတွေ၊ လူစုလူဝေး ဖြစ်အောင် စည်းရုံး နေကြသူတွေကို ရဲတွေက ချက်ချင်း ဖမ်းဆီး နိုင်လျက်နဲ့ လက်ပိုက် ကြည့်မနေသင့်ဘူးလို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ