ကျောက်မဲ အချုပ် ဖောက်လို့ ပစ်ခတ် ၄ ဦးသေ

ဓာတ်ပုံ မူပိုင် Getty
Image caption အချုပ်သား ၄ ယောက် သေပြီး တယောက်မှ မလွတ်သွားဘူး လို့သိရ

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ မြို့နယ် ရဲစခန်း အချုပ်ခန်း ကနေ ဇူလိုင် ၂၆ ညဦး ပိုင်းက အချုပ်သား တွေ ထွက်ပြေးဖို့ ကြိုးစား ရာက ၂ ဘက် အပြန် အလှန် တိုက်ခိုက်လို့ အချုပ်သား တွေသေပြီး ရဲတွေ ဒဏ်ရာ ရခဲ့ပါတယ်။

ည ၇ နာရီ ကျော်လောက်မှာ အချုပ်ခန်း နံပါတ် ၅ မှာ ဆေးမှုနဲ့ ကျနေတဲ့ အချုပ်သား တချို့က အချုပ်ခန်းကို ဖေါက်ပြေးတဲ့ အချိန်မှာ တာဝန်ကျ ရဲတွေက တား ပေမယ့် ရဲတွေကို ပြန်လည် တိုက်ခိုက် တာကြောင့် သေနတ်နဲ့ ပစ်လို့ အချုပ်သား ၄ ယောက် သေပြီးတော့ ရဲ ၅ ယောက် ဒဏ်ရာ ရခဲ့ သွား ခဲ့တာပါ။

စခန်းမှုးလည်း ဒဏ်ရာ ရရှိသွားပြီး သူကတော့ မန္တလေး ဆေးရုံကြီးမှာ အရေးပေါ် ကုသ နေရတယ်လို့ သိရပါတယ်။ ကျောက်မဲ ရဲစခန်းနဲ့ မြို့နယ်မှူး ဖုန်းတွေ ကို ခေါ်ဆို ပေမယ့် ခေါ်ဆိုလို့ မရခဲ့ပါ။

ရဲစခန်း ဘေးမှာ နေတဲ့ ဒေသခံ တယောက်က ဘီဘီစီကို ပြောတာ ကတော့ သေဆုံးသူ အချုပ်သား ၄ ယောက် ရှိပြီး တယောက်မှ လွတ်သွားတာ မရှိဘူး လို့ ပြောပါတယ်။

ပြန်ပြီး ဖမ်းမိတဲ့ သူတွေ ကိုတော့ ပြည်သူပိုင် ပစ္စည်း ဖျက်စီးမှု တာဝန်ကျ အရာရှိကို သတ်ရန် အားထုတ်မှု၊ အချုပ် ကနေ ထွက်ပြေးဖို့ ကြံစည် အားထုတ်မှု စတာ တွေနဲ့ အရေးယူ ထားတယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံက အချုပ်ခန်း အတော် များများဟာ သတ်မှတ်တဲ့ လူဦးရေထက် ပိုပြီး အချုပ်သား တွေ ထားတာကြောင့် ပြွတ်သိပ် နေရ တာတွေ ရှိတယ် လို့ အချုပ် ကျဖူး သူတွေက ပြောပါတယ်။

ပြီး ခဲ့တဲ့လ ဇွန်လ ၁၉ ရက် ကလည်း စစ်ကိုင်းတိုင်း ဟုမ္မလင်း မြို့မှာ အချုပ်ခန်း ဖေါက်ပြေးလို့ အချုပ်သား ၈ ယောက် ထွက်ပြေး ခဲ့ရာမှာ ၆ ယောက် ကို ပြန်ဖမ်း မိပြီးတော့ ၂ ယောက် လွတ်သွား ခဲ့ဖူး ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ