စစ်တပ်က ရိုက်နှက်စစ်လို့ ရွာလုံးကျွတ် ထွက်ပြေး

Namataung Villagers, Shan State ဓာတ်ပုံ မူပိုင် SHAN Panlong
Image caption ထွက်ပြေး နေကြတဲ့ နောင်မတာ ရွာသားများ (ဓါတ်ပုံ ရှမ်းသံတော်ဆင့်)

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မတာရွာ အနီးမှာ အစိုးရ တပ်မတော် အရာရှိ လုပ် ကြံ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ရွာအုပ်ချုပ် ရေးမှူးတွေ ရပ်မိ ရပ်ဖ တွေ ကို စစ်တပ်ဖက် က ခေါ်ယူပြီး ရိုက်နှက် စစ်ဆေးနေတာ ကြောင့် ရွာလုံးကျွတ် နီးပါး တရုတ်နယ် ထဲကို ထွက်ပြေ့း တိမ်းရှောင် နေကြပါတယ်။

အိမ်ခြေ ၁၀၀ ကျော်လောက် ရှိ ပြီး လူ ၅၀၀ လောက် နေထိုင်တဲ့ နောင်မတား ရွာဟာ နမ့်ခမ်းမြို့နဲ ၂ မိုင်လောက် ဝေးပြီး တရုတ် နယ်စပ်မှာ ရှိပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၉ ရက် နေ့က မြန်မာ တရုတ် နယ်စပ် နန့်ခမ်းမြို့ အနီး နောင်မတာ ရွာအဝင်မှာ တပ်စွဲ ထားတဲ တပ်ခွဲမှူး ဗိုလ်ကြီး ဝင်းသူရထွန်း နဲ့ တပ်ကြပ်ကြီး တစ်ယောက်တို့ လုပ်ကြံ သတ်ဖြတ် ခံ ရပြီးတဲ့ နောက်မှာ ခေါ်ယူ စစ်ဆေး ခဲ့တာပါ။

နောက်တစ်နေ့ ဇူလိုင် ၃၀ ရက်ကလည်း ရွာက အုပ်ချုပ် ရေးမှူးတွေ ကို ထပ်မံ ခေါ်ယူပြီး ရိုက် နှက် စစ်ဆေးခဲ့လို့ ရွာခံတွေ ကြောက်လန့် ထွက်ပြေးကြတာလို့ နောင်မတာရွာ အနီးက စိုင်းစံအိုက် က ဘီဘီစီကို ပြောပါတယ်

ရွာသားတွေက ခြေလျင်ရော၊ ဆိုင်ကယ်တွေ၊ ထော်လာဂျီတွေနဲ့ပါ ထွက်ပြေးကြတယ်လို့ သူက ပြောပါတယ်။

ထပ်ပြီး ခေါ်စစ် ခံရသူ ၅ယောက် စလုံးလည်း ပြန်လွှတ်ပြီး နောက်ပိုင်း တရုပ် ဘက်ကို ထွက်ပြေး သွားတယ်လို့ စိုင်းစံအိုက်က ပြောပါတယ်။

မြန်မာ စစ်တပ် ဖက်ကတော့ ဒီသတင်း နဲ ပတ်သက်လို့ တရားဝင် မထုတ်ပြန်သေး ပါဘူး။

အခုတော့ နောင်မတာမှာ အခြေစိုက်ထားတဲ့ တပ်စခန်းက စစ်အင်အား အပြင် တခြားဒေသက လာတဲ့ စစ်အင်အား ၃၀၀ လောက် ရောက်နေပြီး ရွာအဝင် အထွက်လမ်း နဲ့ ရွာပတ်ဝန်းကျင် တရုတ်နယ်စပ် တလျှောက် လုံခြုံရေးယူတယ်လို့ သိရပါတယ်။

နောင်မတာရွာဟာ အရင်က SSA တပ်ရင်း ၇၀၁ အခြေချ သွားတဲ ရွာဖြစ်ပြီး မနှစ်ကမှ တပ်ဖက်က ပြန်သိမ်း ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ