တောင်ကျရေ ကြောင့် ဧရာဝတီတိုင်းမှာ ရေကြီး

flood myanmar
Image caption မြန်မာ နိုင်ငံ အောက်ပိုင်း ရေကြီး ရေလျှံမှုတွေ ဖြစ်နေ

ဧရာဝတီတိုင်း ဟင်္သာတ ခရိုင်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးများပြီး ရခိုင် ရိုးမ တောင်ကျရေ တွေ ထိုးဆင်းလာလို့ မြို့နယ် တချို့မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

သြဂုတ်လဆန်းက ၂ ရက်ဆက် မိုးကြီးလို့ တောင်ကျချောင်း တွေ ရေလျှံပြီး ငသိုင်းချောင်း မြို့နယ်က ရွာ ၁၅ ရွာ လောက်မှာ ရေကြီး ခဲ့တယ်လို့ ရှေ့ဆောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး ဝင်းနိုင်က ရှင်းပြပါတယ်။

လယ်တွေ ရေမြုပ်တာ တွေ ရှိပေမယ့် ချက်ချင်း ပြန်ကျ သွားလို့ ပျက်စီးမှု နည်းတယ်လို့ သိရပါတယ်။

ပုသိမ် မုံရွာ လမ်းမကြီး ပေါ်က တနေရာမှာ ရေပေါက် သွားလို့ သဲအိတ်တွေနဲ့ မြေဖို့ ခဲ့ပါတယ်။

ငဝန် မြစ်ရေကြီးမှု ကတော့ စိုးရိမ်ရေမှတ်ကို ကျော်လွန် နေပေမယ့် ငသိုင်းချောင်း မြို့ထဲ ရေဝင်မှု မရှိသေးဘူးလို့ ဦး ဝင်းနိုင်က ပြောပါတယ်။

ဒီအတွက် မြစ်ရေ အခြေအနေ စောင့်ကြည့် ပြင်ဆင်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

တခါ အင်္ဂပူ မြို့နယ် ထဲမှာလဲ မြစ်ရေကျော်လို့ ကားလမ်း ရေကျော်တာတွေ ဖြစ်နေပါတယ်။

မြန်အောင် မြို့နယ်က အနိမ့်ပိုင်း ဒေသ တွေမှာတော့ တောင်ကျရေ ဝင်ပြီး လယ်တွေ ဧက ထောင်ချီ ရေမြုပ်နေလို့ တိုင်းနဲ့ ခရိုင် အဆင့် အာဏာပိုင်တွေ လာပြီး ကြည့်ရှု စစ်ဆေး ခဲ့တယ်လို့ မြန်အောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦး မင်းမင်းထွန်းက ပြောပါတယ်။

ရန်ကုန်တိုင်း မှော်ဘီ မြို့နယ်မှာလဲ ချောင်း ရေလျှံလို့ အိမ်ခြေ ၂ ထောင် နီးပါး ရေမြုပ် နေပြီး ကျောင်း ၄ ကျောင်း ခေတ္တ ပိတ်ထားရတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ