ပြည်သူ့ ယုံကြည်မှု USDP ရယူမယ်

USDP Party Deputy Chairman ဓာတ်ပုံ မူပိုင် AFP
Image caption ကြံ့ခိုင်ရေး ပါတီက ပြည်သူတွေအတွက် လက်တွေ့ ကျတာတွေကို လုပ်ပေးမယ် လို့ဆို

ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ USDP က ပြည်သူတွေ ယုံကြည်မှု ရှိအောင် ပြည်သူ့ ပါတီ ဖြစ်အောင် ဖော်ဆောင်မယ်လို့ ထုတ်ဖော် ပြောဆိုလိုက် ပါတယ်။

မြန်မာ နိုင်ငံ တိုင်းနဲ့ ပြည်နယ် အနှံ့မှာ တောင်သူလယ်သမား၊ အလုပ်သမားနဲ့ လူငယ် နှီးနှောဖလှယ်ပွဲတွေ လုပ်ဆောင်နေရာမှာ ဧရာဝတီ တိုင်း ပုသိမ်မြို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဌ ဦးဌေးဦးက ပြောခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့တွေ ယုံကြည်အောင် လုပ်ဆောင်ရုံသာ မက ပြည်သူတွေ အတွက် လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့ လိုတယ် သူတို့ ပါတီ အနေနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက် တွေကို တတ်နိုင်တဲ့ ဘက်က ဆောင်ရွက်ပေး နေတယ်လို့လည်း သူက ပြောပါတယ်။

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ အစိုးရ အာဏာရတဲ့ ကာလ အတွင်း တောင်သူလယ်သမားတွေ လယ်သိမ်း ယာသိမ်း ခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မကျေနပ်မှုတွေ ဆန္ဒပြမှုတွေ ရှိနေတာကြောင့် တောင်သူ လယ်သမား အရေးမှာ အဲဒါတွေကို ဦးစားပေးဖို့ မသင့်ဘူးလား ဆိုတာကိုတော့ တောင်သူ လယ်သမား အရေး ဆိုင်ရာ လွှတ်တော် ကော်မီတီ ဥက္ကဌက အဓိက ဖြေရှင်းပေးနေတယ်လို့ ဦးဌေးဦးက ပြောပါတယ်။

ဒါ့အပြင် လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ရှိနေပြီးသား စစ်တပ်က ကိုယ်စားလှယ်တွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဘက်ကလို့ ယူဆထားနိုင်တယ် ဆိုတာနဲ့ ပတ်သက်လို့လည်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ တရား မျှတမှု အပေါ် သက်ရောက်မှု ထိခိုက်မှု မရှိနိုင်ဘူးလို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ