အပစ်ရပ်ရေး စာချုပ်မူကြမ်း ထွက်ဖို့ ဒုတိယနေ့ ဆွေးနွေး

MPC and NCCT meeting ဓာတ်ပုံ မူပိုင် Nyo Ohn Myint MPC
Image caption ဧပြီလတွင်းကလည်း ဆွေးနွေးခဲ့ပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်မူကြမ်း ထွက်လာဖို့ တိုင်းရင်းသားတွေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့ ဆွေးနွေးပွဲကို ဒုတိယနေ့ အဖြစ် ဆွေးနွေး ခဲ့ကြပါတယ်။

ဒုတိယနေ့ ဆွေးနွေးပွဲ မှာတော့ အချက်တချို့ သဘောမတူနိုင် သေးတာကြောင့် နောက်ထပ် တစ်ရက်တိုး ဆက်ဆွေးနွေးဖို့ (၂)ဘက်စလုံးက သဘောတူလိုက်ပါတယ်။

အဲဒီလို ဆွေးနွေးခဲ့ ကြရာမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ အဓိကထားဆွေးနွေးကြတာပါ။

တပ်ပိုင်းဆိုင်ရာ ကိစ္စတွေ နဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲမှု ပြီးတဲ့အခါမှာ (၂)ဖက်တပ်တွေနေရာချထားရေး ၊ အပစ်အခတ် ရပ်စဲရေးကို စောင့်ကြည့်ရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ တော့ အပစ်ရပ်ရေး စာချုပ် မူကြမ်းထွက်လာဖို့ ဆွေးနွေးနေတဲ့ အခန်း (၇) ခန်းထဲက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး နဲ့ ပစ်ခတ်မှု ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဖို့ ဆိုတဲ့ အချက်တွေပါတဲ့ အခန်း (၄)ခန်းကို သဘောတူနိုင်ခဲ့ပါတယ်။

မနက်ဖန် မှာတော့ နိုင်ငံရေးဆွေးနွေးပွဲတွေ အာမခံချက် ရှိဖို့ နဲ့ ကြားကာလ စီမံခန့်ခွဲမှု ဆိုတဲ့ အချက်တွေ ပါတဲ့ လက်ကျန်အခန်း (၃)ခန်းကို ဆက်ဆွေးနွေးမှာပါ။

စာချုပ်မူကြမ်းအတွက် အစိုးရဘက်က အဆိုပြုထားတဲ့ အချက်(၃၁)ချက်ထဲက ကျန်နေသေးတဲ့ အချက်(၁၀)ချက် ကို လည်း အပြီးသတ်ဆွေးနွေးဖို့ ရှိပါတယ်။ ဒီဆွေးနွေးပွဲကနေ အပစ်ရပ်ရေးစာချုပ် နောက်ဆုံးမူကြမ်း ထွက်လာမယ် ဆိုရင်တောင်မှ ဒီမူကြမ်းကို (၂)ဘက် ခေါင်းဆောင်တွေ ဆီမှာ ထပ်မံ တင်ပြ ဆွေးနွေးရမှာ ဖြစ်တဲ့အတွက် တိုင်းရင်းသားတွေနဲ့ အစိုးရကြား တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ထိုးဖို့ ကတော့ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ