ငြိမ်းချမ်းရေးဆွေးနွေးပွဲ စက်တင်ဘာမှာ ပြန်တွေ့

ncct_mpc_304x171_ ဓာတ်ပုံ မူပိုင် nyo ohn myint MPC
Image caption MPC နဲ့ NCCT ငြိမ်းချမ်းရေး ဆွေးနွေးပွဲ

အစိုးရ နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တနိုင်ငံလုံး ဆိုင်ရာ အပစ် အခတ် ရပ်ဆဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးရေး သုံးရက်ကြာ ဆွေးနွေးရာ မှာ ကွဲလွဲချက် ငါးချက်ခန့် ကျန်နေလို့ လာမယ့် စက်တင်ဘာလ မှာ ပြန်လည်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီကွဲလွဲချက် အချက်တွေ ကတော့ အပစ်အခတ် သဘောတူညီချက် လက်မှတ် ရေထိုးလို့ မပြီးခင် ကာလမှာ ဘယ်လို အနေအထား နဲ နေကြမလည်း ဆိုတဲ့ အချက်၊ လက်မှတ်ရေးထိုးရာမှာ ဘယ်သူတွေ၊ ဘယ်အဖွဲ့တွေ ပါဝင် ကြမလည်း ဆိုတဲ့ အချက်တွေ မှာ ညှိလို့ မရသေး တဲ့ အကြောင်း၊ NCCT ခေါင်းဆောင် နိုင်ဟံသာ က ပြောပါတယ်။

ပြီးခဲ့တဲ့ ဆွေးနွေးပွဲ အတွင်းမှာ ဖယ်ဒရယ် ကိစ္စ ကို အစိုးရ က လိုက်လျောတဲ့ အတွက်၊ အပစ်ရပ် စာချုပ် မူကြမ်းထွက်လာမယ် လို့ အားလုံးက ထင်ခဲ့ကြတာပါ။ သဘောထားကွဲလွဲချက် တွေ ကျန်နေတာ က လွဲလို့ ၊ ကျန်တဲ့ ဆွေးနွေးမှု အောင်မြင်ကြောင်း၊ မြန်မာ ငြိမ်းချမ်းရေးစင်တာ မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ က ပြောပါတယ်။ လာမဲ့ စက်တင်ဘာလ မှာ ပြန်လည်တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ် လို့ လည်း ဆိုပါတယ်။