မြန်မာ အမျိုးသားတစ်ဦးမှာ အီဘိုလာ လက္ခဏာ တွေ့ရှိ

ဓာတ်ပုံ မူပိုင် AFP
Image caption ရန်ကုန်လေဆိပ်မှာ ဆိုက်ရောက် ခရီးသည်တွေကို ရောဂါ စစ်ဆေးစဉ်။

အီဘိုလာ ရောဂါ ကူးစက် ခံရသူလို့ သံသယ ဖြစ်စရာ မြန်မာ အမျိုးသား တစ်ယောက်ကို ဝေဘာဂီ ဆေးရုံမှာ သီးသန့် ခွဲထားပြီး လိုအပ်တဲ့ ဓာတ်ခွဲ စမ်းသပ်မှု၊ စောင့်ကြည့် ကူသမှုတွေ လုပ်ဆောင်နေပါတယ်။

မနေ့ညက ထိုင်းလေကြာင်းနဲ့ ရန်ကုန် လေဆိပ်ကို ရောက်လာသူ အဲဒီ အမျိုးသားဟာ အာဖရိကတိုက်မှာ သွားရောက် အလုပ်လုပ်ပြီး မြန်မာနိုင်ငံကို ပြန်လာသူ ဖြစ်ပါတယ်။

သူဟာ အီဘိုလာ ရောဂါ ဖြစ်ပွားနေတဲ့ ဂီနီနဲ့ လိုင်ဘေးရီးယား နိုင်ငံတွေမှာ ၁၃လကြာ အလုပ်လုပ်ပြီး မြန်မာနိုင်ငံကို ပြန်လာသူ ဖြစ်တယ် လို့လည်း သိရပါတယ်။

သူ့မှာ အီဘိုလာ ရောဂါ လက္ခဏာတွေ ဖြစ်တဲ့ အပြင်းအထန် ဖျားမှုနဲ့ အားအင် ကုန်ခန်းနေမှုတွေ ဖြစ်နေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ