မြန်မာ့စိုက်ပျိုးသီးနှံ တင်ပို့မှု ကျဆင်း

_rubber_plant_3 ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ရော်ဘာပင် မှ ရော်ဘာစေး

မြန်မာနိုင်ငံ ရဲ့ ပြည်ပ ပို့ကုန် တင်ပို့မှု ရဲ့ အခုနှစ် ပထမ လေးပတ်မှာ စိုက်ပျိုးသီးနှံ တင်ပို့မှု ကျဆင်း ရခြင်း အကြောင်း က၊ ဒီသီးနှံ တွေ ရဲ့ စျေးနှုန်း မြင့်တက်လာရာက၊ ပြည်ပ က အဝယ် မလိုက်တဲ့ အကြောင်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန က ပြောပါတယ်။

အဓိက တင်ပို့မှု လျော့ကျတဲ့ ပို့ကုန်ထဲမှာ ရော်ဘာ၊ ပဲတီစိမ်း၊ နဲ့ နှမ်း၊ တင်ပို့မှု မနှစ် ကထက်လျော့ကြောင်း၊ ဒါ့အပြင် တိရစ္ဆာန်ထွက် ပစ္စည်း၊ ရေထွက်ပစ္စည်း နဲ့ သစ်တောထွက် ပစ္စည်း ပါဝင်ကြောင်း၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန က ညွှန်ကြားရေးမှူး ဦးဝင်းမြင့် က ဘီဘီစီ ကိုပြောပါတယ်။

ဒါပေမဲ့ ဆန်စပါး တင်ပို့ ကတော့ မလျော့တဲ့ အကြောင်း၊ ဒီနှစ်မှာ ဆိုရင် အမေရိကန် ဒေါ်လာ သန်း ၁၈၀ ဖိုး၊ တန်ချိန်အားဖြင့် တသိန်းလေးသောင်း ရှိတဲ့ အတွက် ဒေါ်လာ သန်း၅၀ ဖိုး၊ မနှစ် ကထက် ပိုရပုံ လည်း ရှင်းပြပါတယ်။

ရှေ့နှစ်မှာ လည်း၊ ရော်ဘာ တင်ပို့မှု အလားအလာ ကောင်းနိုင်ပုံ ကို ဦးဝင်းမြင့် က ရှင်းပြရာမှာ ဂျပန် နိုင်ငံ က ဝယ်ချင်တဲ့ အတွက်၊ ကွင်းဆင်းပြီး နည်းပညာတွေ ပေးတဲ့ အကြောင်းနဲ့၊ ပူးပေါင်းဆောင်ရွက်မှု ပြုတာလည်း ပါဝင်တယ် လို့ ဆိုပါတယ်။

စက်မှုကုန်ချော အဝယ်လိုက်ရာမှာတော့၊ ဓါတ်ငွေ့လောင်စာ ပါဝင်တဲ့ အကြောင်း၊ အများဆုံး ဝယ်ယူတဲ့ နိုင်ငံတွေ ကတော့၊ ထိုင်း၊ တရုတ် နဲ့ စင်ကာပူ ဖြစ်တာလည်း ရှင်းပြပါတယ်။