ကုလ အထူးကိုယ်စားလှယ် ရခိုင်ခရီး ပြီးဆုံး

_vijay_nambiar
Image caption ကုလ အတွင်းရေးမှုးချူပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီယာ

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီ ဂျေ နမ်ဘီယား သွားရောက်ခဲ့တဲ့ ၃ ရက်ကြာ ရခိုင် ခရီးစဉ် ပြီးဆုံးခဲ့ ပြီ ဖြစ်ပါတယ်။

ဒီ ခရီးစဉ် အတွင်းမှာ၊ မစ္စတာ နမ်ဘီးယားဟာ စစ်တွေမြို့ နဲ့ မြေပုံမြို့က ဗုဒ္ဓဘာသာ နဲ့ အစ္စလာမ် လူမှု အဝန်းအဝိုင်း ၂ ခုစလုံးက ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ ခဲ့တဲ့ အပြင်၊ အဲဒီ့ မြို့တွေမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေ ကိုလည်း သွားရောက် လေ့လာ ကြည့်ရှု့ခဲ့ပါ တယ်။

ရခိုင်ပြည်နယ် ရဲ့ တည်ငြိမ်မှု အခြေအနေ နဲ့ ပတ်သက်ပြီး လက်ရှိ အနေအထား အပေါ် မစ္စတာ နမ်ဘီးယား က၊ သူ တွေ့ဆုံခဲ့ သူတွေကို မေးမြန်းခဲ့တဲ့ အပြင်၊ မွတ်ဆလင်မ် ဒုက္ခသည်တွေ အရေး နဲ့ စပ်လျှင်းပြီးတော့ လည်း၊ ဒေသခံတွေ ရဲ့ အမြင် အပေါ် လေ့လာခဲ့ကြောင်း၊ ကိုယ်တိုင် တွေ့ဆုံခဲ့သူ တစ်ဦး ဖြစ်တဲ့ မြေပုံ မြို့နယ်ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။

၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူ အက်ဥပဒေနဲ့ အညီ စီစစ်မှု တွေ ပြုလုပ်နေ တဲ့ မြေပုံမြို့ ဒုက္ခသည် စခန်း မှာ၊ လူဝင်မှု ကြီးကြပ်ရေး တာဝန် ရှိသူတွေနဲ့ သာမက၊ ဒုက္ခသည်တွေ နဲ့လည်း တွေ့ဆုံပြီး၊ အခုလို စီစစ်မှု ကနေ၊ သက်သေခံ မှတ်ပုံတင် ကဒ်ပြား တမျိုးမျိုး ရရှိလာရင် လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့် အပါအဝင် အခွင့်အရေး တွေ ရရှိလာမှာ ဖြစ်ကြောင်း ဒုက္ခသည်တွေ ကို ပြောကြား ခဲ့တယ် လို့၊ မြေပုံ ဒုက္ခသည် စခန်းမှာ နေထိုင် နေရသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အကြမ်းဖက် ပဋိပက္ခတွေ အတွင်း မီးလောင်မှုတွေ လို အခြေအနေ အတွင်း၊ နိုင်ငံသား ဖြစ်ကြောင်း သက်သေခံ အထောက်အထား တွေ ဆုံးရှုံး ခဲ့ရတဲ့ ပြဿနာ မျိုးတွေ ရှိကြောင်း ဒုက္ခသည်တွေ ဘက်ကလည်း တင်ပြမှုတွေ ရှိတယ် လို့ သိရပါတယ်။

ရခိုင်မှာ ရှိနေကြတဲ့ အသိုင်းအဝိုင်း ၂ ခုက လူတွေ အချင်းချင်း တွေ့ဆုံ စကား ပြောကြဖို့ မစ္စတာ နမ်းဘီးယား က တိုက်တွန်း အကြံပေးခဲ့တယ် လို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ