အာဆီယံ အရှေ့အာရှ စီးပွားရေး အစည်းအဝေး

asean ဓာတ်ပုံ မူပိုင် president office
Image caption စီးပွားရေး အင်အားကြီး တွေ နေပြည်တော် မှာ လာ စည်းဝေး

အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းဝေးရဲ့ နောက်ဆက်တွဲ အာဆီယံ နဲ့ အရှေ့ အာရှ ဒေသ တွင်း နိုင်ငံ တွေ ရဲ့ စီးပွားရေး ဝန်ကြီးတွေ အစည်း ဝေး ကို နေပြည်တော် မှာ ကျင်းပ နေပါတယ် ။

စီးပွားရေး အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အမေရိကန် အပြင် အာဆီယံနဲ့ စီးပွားရေး ဆက်သွယ်မှု တွေ ရှိတဲ့ နယူးဇီလန်၊ ဩစတြေးလျ၊ ကနေဒါ တို့က စီးပွားရေး ဝန်ကြီး တွေ လည်း နေပြည်တော်မှာ ရောက်နေပါတယ်။

ဒီနေ့ ကျင်းပတဲ့ အစည်းအဝေး တွေကတော့ အာဆီယံနဲ့ အရှေ့အာရှ ဝန်ကြီးတွေ အစည်းအဝေးနဲ့ ဂျပန်နဲ့ မဲခေါင် ဒေသ အဖွဲ့ဝင် (၆)နိုင်ငံတို့ တွေ့ဆုံတဲ့ အစည်းအဝေးတွေ ဖြစ်ကြပါတယ်။

အရှေ့အာရှ စီးပွားရေး အစည်းအဝေး မှာ အာဆီယံ ဒေသတွင်း နိုင်ငံတွေရဲ့ သိသာသာ တိုးတက် လာတဲ့ ကုန်သွယ်မှု အခြေအနေ တွေ ရင်းနှီး မြုပ်နှံမှု တွေကို အဓိက ဆွေးနွေး ကြပါတယ်။

ဩဂုတ်လ ၂၆ ရက် နေ့ က အာဆီယံနဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယား စတဲ့ နိုင်ငံ တွေ ကုန်သွယ်မှု တွေ၊ ရင်းနှီး မြုပ်နှံမှု တွေ တိုးမြှင့်ဖို့ ပူးတွဲ သဘောတူညီချက် တွေ ထုတ်နိုင်ခဲ့ ပါတယ်။

အရှေ့အာရှ ဝန်ကြီး တွေ မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့လည်း တွေ့ဆုံ ခဲ့ တယ် လို့ သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ် က ပြောပါတယ် ။ ဒီနေ့ အစည်းအဝေး တွေက ဘာတွေ သဘောတူ ဆုံးဖြတ်နိုင်တယ် ကို မနက် ဖြန် ကျင်းပမယ့် သတင်းစာ ရှင်းလင်းပွဲ မှာ မြန်မာ အမျိုးသား စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီးက ရှင်းလင်းဖို့ ရှိနေပါတယ် ။

မြန်မာ နိုင်ငံ ရောက်နေတဲ့ အမေရိကန် စီးပွားရေးနဲ့ စီးပွားရေး လုပ်ငန်းများ ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကလည်း မနက်ဖြန် နေပြည်တော် မှာ သတင်းစာ ရှင်းလင်းဖို့ ရှိပါတယ်။

အာဆီယံ စီးပွားရေး ဝန်ကြီးများ စည်းဝေးပွဲကို သြဂုတ်လ ၂၄ က ၂၈ ရက် အထိ နေပြည်တော် မှာ ကျင်းပ နေပြီး အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း ကြီး ဖော်ဆောင်ရေး အဓိကထား ဆွေးနွေး နေကြပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ