မြန်မာ့ လူဦးရေ ၅၁ သန်းရှိ

census ဓာတ်ပုံ မူပိုင် AP
Image caption ရခိုင်မှာ သန်းခေါင်စာရင်း ကောက်ခံရေး ခက်ခဲ

မြန်မာ နိုင်ငံ မှာ မတ်လ ကုန်က သန်းခေါင် စာရင်း ကောက်ခံမှု ကနဦး ရလဒ်တွေ အရ တနိုင်ငံလုံး လူဦးရေ ၅၁ သန်း ပဲ ရှိတယ် လို့ အစိုးရ က ထုတ်ပြန် လိုက် ပါတယ်။

ဒါဟာ အစိုးရက နဂိုက ခန့်မှန်းထားတဲ့ မြန်မာနိုင်ငံ လူဦးရေ သန်း ၆ဝ ဆိုတာထက် အများကြီး လျော့နည်း ပါတယ်။

နှစ်ပေါင်း ၃ဝ ကျော် အတွင်း ပထမဆုံး ကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်းလဲ ဖြစ်ပါတယ်။

ကချင် ကေအိုင်အေ တပ်ဖွဲ့တွေ ထိန်းချုပ် ထားတဲ့ မြန်မာ နိုင်ငံ မြောက်ပိုင်း ဒေသ တချို့ နဲ့ ရိုဟင်ဂျာလို့ လူမျိုး နာမည် ဖော်ပြ ခွင့် မရတဲ့ ရခိုင် ပြည်နယ် က မွတ်ဆလင် တွေ ကလွဲရင် သန်းခေါင် စာရင်းကို တနိုင်ငံလုံးမှာ အဆင်ပြေပြေ ကောက်ခံ နိုင်ခဲ့ပါတယ်။

သန်းခေါင်စာရင်း ပင်မ စာရင်း အချက်အလက် တွေကို ၂ဝ၁၅ ခုနှစ် မေလမှာ ထုတ်ပြန်ဖို့ ကြိုးစား နေတယ် လို့လဲ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ