အစိုးရနဲ့ ထိတွေ့ဖို့ စီးပွားဖိုရမ် ဖွဲ့

4_china_burma_boderbiz
Image caption မြန်မာ့ ကုန်သွယ်ရေး စီးဆင်းနေပုံ

မြန်မာ အစိုးရနဲ့ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ အကြား စီးပွားရေး နဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ ပိုမို ထိရောက်အောင် ထိတွေ့ ဆွေးနွေး နိုင်ရေး အတွက် ရည်ရွယ်ပြီး၊ Myanmar Business Forum ဆိုတဲ့ အဖွဲ့ကို စတင် တည်ထောင် လိုက်တာမှာ ကမ္ဘာ့ဘဏ် အုပ်စုထဲမှာ ပါတဲ့ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC က နည်းပညာ အကူအညီ ပေးမယ် ဆိုပြီးတော့ သိရပါတယ်။

ရှိနှင့်ပြီး မြန်မာနိုင်ငံ ကုန်သည်ကြီးများ နဲ့ စက်မှု လုပ်ငန်းရှင်များ အသင်း အနေနဲ့ ပြည်တွင်း နိုင်ငံသား လုပ်ငန်းရှင်တွေ အတွက်ပဲ အဓိကထား ဆောင်ရွက် နေခဲ့ရာကနေ၊ Myanmar Business Forum ရှိလာတဲ့ အခါ၊ နိုင်ငံတကာ ကနေ မြန်မာနိုင်ငံကို လာရောက် ရင်းနီးမြှုပ်နှံ ကြသူ စီးပွားရေး လုပ်ကိုင်ကြသူ တွေ အတွက်ပါ၊ မြန်မာအစိုးရနဲ့ အကြား ဆက်ဆံရေးတွေ မှာ ကြားဝင်ကူညီ ဆောင်ရွက် လာနိုင်မယ် ဆိုပြီး၊ ကုန်သည်/စက်မှု လုပ်ငန်းရှင် အသင်းရဲ့ ဥက္ကဌ ဦးဝင်းအောင် က ပြောပါတယ်။

အခု ဖွဲ့တဲ့ ဖိုရမ်မှာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍ၊ ဝန်ဆောင်မှု ကဏ္ဍ စတဲ့ ကဏ္ဍတွေအလိုက် အပိုင်း ၇- ခု ခွဲခြားထားပြီး၊ လုပ်ငန်းကော်မတီ အသီးသီး ထားရှိသွားမယ့် အကြောင်း သိရပါတယ်။

အဲဒီ့ လုပ်ငန်း ကော်မတီတွေ ဟာ၊ အစိုးရ ရဲ့ စီးပွားကူးသန်း ဝန်ကြီးဌာန က အဆင့်မြင့် အရာရှိတွေ နဲ့ ထိတွေ့ ဆက်ဆံ သွားကြ မှာ ဖြစ်ပါတယ်။

ဒီလို အစိုးရ နဲ့ ပြည်တွင်း ပြည်ပ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ အကြား၊ အပြန်အလှန် ထိတွေ့ ဆက်ဆံနိုင်ဖို့ စံနစ်တကျ ယန္တယား တစ်ခုအဖြစ် အခုလို ဖိုရမ်တစ်ခု ထားရှိ လာခြင်းကနေ စီးပွားရေး ကဏ္ဍတွေ မှာ တိုးတက်မှု တွေ ဖြစ်ထွန်း လာဖို့ မျှော်လင့်ကြောင်း ဦးဝင်းအောင် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ