မန္တလေး ဗကသ အဖွဲ့ဝင် တဦး ဖမ်းဆီးခံရ

ဓာတ်ပုံ မူပိုင် myanmarwanbao
Image caption တရုတ် ဝန်ထမ်းတွေကို ရွာသား တွေက မေလ မှာ ထိန်းသိမ်း ခဲ့တုန်းက မခင်ဖြူထွေး လက်ပံတောင်းမှာ ရောက်နေ

မန္တလေး ခရိုင် ဗကသ အဖွဲ့က ကျောင်းသူ မဖြူနှင်းထွေးကို လက်ပံတောင်း တောင် မှာ ရွာသားတွေနဲ့ တရုတ် ဝန်ထမ်းတွေ ကြား ဖြစ်ပွား ခဲ့တဲ့ ပဋိ ပက္ခ နဲ့ ဆက်စပ်ပြီး အခု သူ့ကို မန္တလေး အိမ်မှာ လာရောက် ဖမ်းဆီးသွား ပါတယ်။

အဲဒီ တုန်းက တရုတ် ဝန်ထမ်း တွေကို ရွာသား တွေက ထိန်းသိမ်း ခဲ့တာ ဖြစ်ပြီး၊ မဖြူနှင်းထွေး ကလည်း အဲဒီ အချိန်မှာ လယ်သမား အရေး သွားရောက် ကူညီ နေ ခဲ့တာ ဖြစ်ပါ တယ်လို့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗဟို လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ကို မိုးထက်နေက ပြောပြ ပါတယ်။

ဝမ်ပေါင် ကုမ္ပဏီ အနေနဲ့ ကလည်း ဒီကိစ္စ နဲ့ ပတ်သက်ပြီး ကျေအေးကြောင်း တရားဝင် ကြေညာ ထားခဲ့တာ ဖြစ်လို့ မဖြူနှင်းထွေးကို ပြန်လွှတ်ပေး ဖို့တောင်း ဆိုတယ် လို့ ပြောပါတယ်။

လယ်သမားတွေ အရေးဘက်က တက်နိုင် သလောက် ကူညီဖို့ ဆိုတဲ့ ဗကသ အနေနဲ့ မူ ရှိကြောင်းနဲ့ ဗကသ ကျောင်းသားတွေ အနေနဲ့ အခုလို ကိုယ့် သဘောနဲ့ ကိုယ် အခုလို သွားရောက် ကူညီ မှုတွေဟာ နိုင်ငံ အနှံ့မှာ ရှိတယ်လို့ ဆိုပါတယ်။

အခုလို ဗကသ အပေါ် အဟန့် အတားတွေ ဖြစ် လာတာဟာ၊ ကျောင်းသားထုရဲ့ သေဘာထား မပါတဲ့ ပညာရေး ဥပဒေ မူကြမ်း အပေါ်၊ ဗကသက ကန့်ကွက်မှုတွေ ပိုလုပ် လာလို့ ဖြစ်ရ တာလို့ ယူဆကြောင်း ကိုလည်း မိုးထက်နေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ