တောင်တက် သမား တွေနဲ့ အဆက်အသွယ် မရသေး

_hkakaborazi_mountaineers ဓာတ်ပုံ မူပိုင် AP
Image caption ပထမဆုံး မြန်မာ သီးသန့် ခါကာဘိုရာဇီ တောင်တက် အဖွဲ့

ခါကာဘိုရာဇီ မှာ သြဂုတ် လကုန် ထဲက ပျောက်ဆုံး နေတဲ့ တောင်တက် သမား ၂ ယောက် အတွက် ကယ်ဆယ်ရေး စေလွှတ် ဖို့ ရဟတ်ယာဉ် နဲ့ ရိက္ခာ ပို့ပေး ဖို့ ကြိုးစား နေတယ် လို့ တက္ကသိုလ် ခြေလျင် တောင်တက် အသင်း ပြန်ကြားရေး တာဝန်ခံ ကို ထွန်းလှအောင် က ပြောပါတယ်။

တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်း က ကူညီမှုနဲ့ ပျောက်ဆုံး နေသူ တွေကို ရှာဖွေဖို့ တရုတ် တောင်တက် သမား တွေ ပူတာအို ရောက်နေ ပါပြီ။

ကာကွယ်ရေး ဦးစီးချုပ် ကလဲ ဒီလူတွေကို ပြန်ရှာတွေ့ ဖို့ ကချင် ပြည်နယ်က ဆိုင်ရာ တပ်စခန်း တွေက ကူညီ ပေးဖို့ ညွှန်ကြား ထားတယ် လို့ သိရပါတယ်။

ရာသီဥတု မကောင်းလို့ ရဟတ်ယာဉ် စေလွှတ်ဖို့ ခက်နေတယ် လို့ ကို ထွန်းလှအောင် က ပြောပါတယ်။

တောင်တက်သမား ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံ မင်းသူ တို့ ၂ ဦးဟာ ခါကာဘိုရာဇီ တောင်ထိပ် က အပြန် ကျန်တဲ့ အဖွဲ့သားတွေနဲ့ အဆက်အသွယ် ပြတ်သွားပြီး ခုချိန်ထိ ပျောက်ဆုံး နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ