ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ မြန်မာ့ငြိမ်းချမ်းရေး

peace_burma ဓာတ်ပုံ မူပိုင် burmese
Image caption ရန်ကုန်က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှု

ရန်ကုန်မြို့နဲ့ မြန်မာပြည်ကမြို့ကြီးအချို့ ဖြစ်တဲ့ ပျဉ်းမနား၊ တောင်ကြီး၊ ပုသိမ် စတဲ့မြို့တွေမှာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုတွေ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန် မှာ လမ်းလျှောက်ချီတက်ပြီး မြန်မာပြည် ငြိမ်းချမ်းရေး အတွက် ဆန္ဒထုတ်ဖော်ကြရာမှာ လူ ထောင်ချီပါ၀င်ခဲ့ပါတယ်။

အောင်ဆန်းကွင်း ကို ဆုံရပ်အဖြစ်ချီတက်လာကြတဲ့ လူတန်းတွေထဲမှာ အမုန်းများကိုရပ်၊ စစ်ပွဲတွေ ချက်ချင်းရပ်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး စတဲ့ ဆိုင်းဘုတ် ပိုစတာတွေ ကိုင်ဆောင်ထားတဲ့ လူတွေ ကိုလည်း တွေ့ရပါတယ်။

တော်၀င်နှင်းဆီ ခန်းမမှာလုပ်တဲ့ အခမ်းအနားမှာတော့ ငြိမ်းချမ်းရေး အထိမ်းအမှတ် ကဗျာ ဝတ္တုပြိုင်ပွဲတွေ လည်း ကျင်းပခဲ့ကြပါတယ်။

၁၉၅၀ နှစ်များတဝိုက်က ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ ထဲမှာ အဲဒီတုန်းက ကျောင်းသားအရွယ် နဲ့ပါ၀င်ခဲ့ဘူးတဲ့ စာရေးဆရာ မောင်မိုးသူ က ငြိမ်းချမ်းရေး ရဖို့ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ၂ ဘက်စလုံးက ငြိမ်းချမ်းရေး ဟာ တိုင်းပြည်အတွက် အလိုအပ်ဆုံးအရာ ဖြစ်တဲ့အတွက် လုပ်ကိုလုပ်မှ ရမယ် ဆိုတဲ့ စိတ်မျိုးရှိရမှာ ဖြစ်သလို မြန်မာ အစိုးရ စစ်တပ် ဘက်ကလည်း စေတနာမှန် ဖို့လိုတယ် လို့ မှတ်ချက်ပေးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ