မြစ်ခြေမြို့ ပဋိပက္ခ အရေးယူ

ဓာတ်ပုံ မူပိုင် google

ပခုက္ကူ မြို့နယ် မြစ်ခြေ တိုက်နယ်မှာ အစ္စလာမ် ဘာသာဝင် မိသားစု တခုနဲ့ ဒေသခံ တွေကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခ မှာ ပြဿနာ စဖြစ် ခဲ့တဲ့ အစ္စလာမ် ဘာသာဝင် ကိုမိုးဝင်းကို ပုဒ်မ ၄ ခု နဲ့ အမှုဖွင့် ဖမ်းဆီး ထားပြီး၊ ဗလီ ဖျက်ဆီး သူတွေ ကိုလည်း ရဲက စုံစမ်း နေပါတယ်။

ဒီဖြစ်ရပ်ဟာ စက်တင်ဘာ ၂၀ ည သန်းခေါင်က ဖြစ်ခဲ့ တာ ဖြစ်ပြီး၊ အခုတော့ အခြေ အနေတွေ တည်ငြိမ် နေပါပြီ။

အခင်း ဖြစ်တဲ့ နေရာကို မကွေးတိုင်း ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ ကိုယ်တိုင် ရောက်နေပြီး တခြား နေရာ တွေပါ ဒီလို မဖြစ် ရအောင် စီစဉ် ညွန်ကြား နေတယ် လို့ သိရ ပါတယ်။

ဗလီ၊ အိမ်နဲ့ ဆိုင်ခန်း ဖျက်ဆီး သူတွေကိုလည်း စုံစမ်း ဖေါ်ထုတ် အရေးယူ သွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မြစ်ခြေမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ဟာ ဇူလိုင် ၁ ရက် နေ့က မန္တလေး မြို့မှာ ဖြစ်ခဲ့တဲ့ ဘာသာရေး ဆန်တဲ့ ပဋိပက္ခ ပြီးတဲ့နောက် ၃ လ အတွင်း ဖြစ်ပေါ်တဲ့ ပဋိပက္ခ ဖြစ်ပါတယ်။

ဒေသခံတွေ ကြားမှာ တချို့က မကျေနပ် မှုတွေ ရှိနေဆဲ ဖြစ်လို့ စိုးရိမ် မှုတွေ ကတော့ ရှိနေကြတဲ့ အကြောင်း ဒီဖြစ်စဉ်မှာ ဝိုင်းဝန်း ထိန်းသိမ်း ခဲ့သူ တယောက် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ