ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်ခရီးစဉ် စတင်

ဓာတ်ပုံ မူပိုင် AFP
Image caption ဂျပန် ရေတပ်က စစ် သင်္ဘော နှစ်စင်း ၂၀၁၃ စက်တင်ဘာက မြန်မာ နိုင်ငံကို လာရောက် လည်ပတ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ဟာ ဂျပန် နိုင်ငံ ခရီးစဉ် အတွက် တနင်္လာနေ့ ညနေပိုင်းက ထွက်သွားပြီ ဖြစ်ပြီ ဖြစ်ပါ တယ်။

ဒါဟာ ဗိုလ်ချုပ်မှူးကြီး ရဲ့ ဂျပန် နိုင်ငံ ပထမဆုံး ခရီးစဉ် ဖြစ်ပြီး ခရီးစဉ် အတွင်း နှစ်နိုင်ငံ စစ်ဖက် ဆိုင်ရာ ကိစ္စ တွေကို ဆွေးနွေးကြ မယ်လို့ ယူဆရ ပါတယ်။

ဂျပန် နိုင်ငံ စစ်ဦးစီးချုပ် ဟာလည်း ပြီးခဲ့တဲ့ မေလက မြန်မာ နိုင်ငံကို ပထမဆုံး အကြိမ် လာရောက် လည်ပတ် ခဲ့ပြီးနောက် အခုလို မြန်မာ ကာကွယ်ရေး ဦးစီး ချုပ်ရဲ့ ဂျပန် နိုင်ငံ ခရီးစဉ် ပေါ်ပေါက် လာတာ လည်း ဖြစ်ပါတယ်။

မြန်မာ သမ္မတရဲ့ ဒီဇင်ဘာ ခရီးစဉ် တုန်းက ဂျပန်နဲ့ စစ်ဖက် ဆိုင်ရာ ဆက်သွယ်ရေး ထူထောင်ဖို့ သဘောတူ ခဲ့တဲ့ အချက် အရ အခုလို နှစ်ဆက် စစ်တပ် ဆက်ဆံ မှုတွေ တိုးလုပ်လာ တာ ဖြစ်မယ်လို့ ဂျပန် နိုင်ငံမှာ အခြေစိုက်တဲ့ Study Group for Human Rights၊ Democracy and Tolerance in Burma အဖွဲ့ က သုတေသီ ဦးတင်ဝင်းက ပြောပါတယ်။

ဂျပန် အနေနဲ့ မြန်မာ အပါဝင် ဗီယက်နမ် နဲ့ ဖိလစ်ပိုင် ၃ နိုင်ငံ တို့ဟာ သူတို့ အတွက် အရေးကြီးတဲ့ အခန်း ကဏ္ဍမှာ ရှိနေတဲ့ အတွက်လည်း အခုလို ဆက်ဆံ လာတာ ဖြစ်တယ် လို့ ဦးတင်ဝင်းက ပြောပါတယ်။

ဂျပန် ရေတပ်က စစ် သင်္ဘော နှစ်စင်း ဟာလည်း ဒုတိယ ကမ္ဘာစစ် ပြီးနောက် ပထမဆုံး အကြိမ် အဖြစ် မြန်မာ နိုင်ငံကို ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ လက လာရောက် လည်ပတ် ခဲ့ဖူးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ