မြဝတီမြို့မှာ တိုက်ပွဲဖြစ်လို့ မြို့လူထု ထွက်ပြေး

မြဝတီမြို့မြင်ကွင်း
Image caption မြဝတီမြို့မြင်ကွင်း

မြဝတီမြို့မှာ မနက် ၁၁နာရီ လောက်က ဖြတ်သွားတဲ့ အစိုးရ စစ်ယာဉ်တန်းကို လက်နက်ကိုင်တွေက ပစ်ခတ်ရာမှ နှစ်ဖက်ကြား တိုက်ပွဲတွေကြောင့် မြို့နေလူထု အလန့်တကြား အိုးအိမ်စွန့်ပြေးခဲ့ရပါတယ်။

ပစ်ခတ်မှုမှာ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာ မရှိခဲ့ပါဘူး။ သတင်းတွေအရ အခုတိုက်ခိုက်မှုဟာ ဒီကေဘီကေ အဖွဲ့ရဲ့လက်ချက်လို့ပြောဆိုနေကြပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာမှာ ဒီကေဘီအေ ကေအင်ယူ ကေအင်အယ်လ်အေ ငြိမ်းချမ်းရေး အဖွဲ့တွေ နေထိုင်ကြပါတယ်။

ပစ်ခတ်သူတွေကို စစ်တပ်က လိုက်လံရှင်းလင်းနေတဲ့အတွက် အဲဒီရပ်ကွက်ကနေ လူတွေထွက်ပြေး တိမ်းရှောင်ကြရပါတယ်။ တိုက်ပွဲတွေကြောင့် မြဝတီကနေ ပြည်တွင်းကို သွားတဲ့ အာရှလမ်းမကြီးခေတ္တပိတ်ခဲ့ရပြီး မွန်းလွဲပိုင်းမှာပြန်ဖွင့်လိုက်ပါတယ်။

မနေ့ကလည်း မော်လမြိုင်မြို့ တောင်ဖက်က ကျိုက်မရောမြို့နယ် မကလိုင်းကနိုင်ရွာမှာ ဒီကေဘီအေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်တပ်မှ ဗိုလ်မှူးတယောက် အပါအဝင် လူ၄ယောက် ဒဏ်ရာရရှိသွားပါတယ်။

စစ်တပ်နဲ့ရဲ ၁၉ယေက်ကို ဒီကေဘီအေက ဖမ်းထားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ