နိုင်ငံခြားဘဏ် ၉ ခု မြန်မာ ဖွင့်ခွင့်ပြု

ဓာတ်ပုံ မူပိုင် Reuters
Image caption ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် သတင်းစာ ရှင်းလင်းစဉ်

မြန်မာနိုင်ငံမှာ ဂျပန်၊ သြစတြေးလျ၊ တရုတ်၊ စင်္ကာပူ၊ ထိုင်းနဲ့ မလေးရှား စတဲ့ နိုင်ငံတွေက ဘဏ်ကြီး ၉ ခုကို ဖွင့်ခွင့် ပြုလိုက်ပါတယ်။

အဲဒီ ဘဏ်ကြီးတွေ ထဲမှာ Tokyo-Mitsubishi UFJ အပါအဝင် ဂျပန်ရဲ့ အကြီးဆုံးဘဏ် ၃ ခု၊ သြစတြေးလျရဲ့ ANZ ဘဏ်၊ တရုတ် စက်မှုလက်မှုနဲ့ ကူးသန်း ရောင်းဝယ်ရေး ဘဏ်၊ စင်ကာပူက OCBC ဘဏ်၊ ထိုင်းက ဘန်ကောက်ဘဏ်၊ မလေးရှားက Malayan Banking Berhard စတဲ့ ဘဏ်တွေ ပါဝင်ပါတယ်။

ဒီဘဏ်တွေ အနေနဲ့ ဘဏ်ခွဲ တခုစီ ဖွင့်ခွင့်ရှိပြီး မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံနေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေကို နိုင်ငံခြားငွေ ချေးငှားခွင့် ရမှာ ဖြစ်ပါတယ်။

မြန်မာ ကုမ္ပဏီတွေကို နိုင်ငံခြားငွေ ချေးငှားရာမှာတော့ ဒေသခံ ဘဏ်တွေက တဆင့် ပူးပေါင်း လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ