တိုင်းရင်းသား မဟာမိတ် ပါတီများ လုပ်ငန်း အဖွဲ့ ဖွဲ့

nld ဓာတ်ပုံ မူပိုင် NLD Central
Image caption နိုင်ငံရေး ပြဿနာတွေ ကူညီ ဖြေရှင်းဖို့ တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က တိုင်းရင်းသား ပါတီ အချို့နဲ့ ပူးပေါင်းပြီး တိုင်းရင်းသား မဟာမိတ် နိုင်ငံရေး ပါတီများ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်း လိုက်ပါတယ်။

ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက် ရည်ရွယ်တဲ့ အဖွဲ့ ဖြစ်တယ်လို့ NLD ပါတီ က ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင်နဲ့ တိုင်းရင်းသား ရေးရာ ကော်မီတီ အဖွဲ့ဝင် ဦးထွန်းထွန်းဟိန် က ပြောပါတယ်။

ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ချင်း ဒီမိုကရေစီ အဖွဲ့ချုပ်၊ ချင်း တိုးတက်ရေး ပါတီ၊ မွန် အမျိုးသား ပါတီ၊ ကမန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ UNA တွေမှာ ပါဝင်ခဲ့တဲ့ ပါတီ တွေ ဒီအဖွဲ့မှာ ပါတယ် လို့ သိရပါတယ်။

လက်ရှိ လွှတ်တော် ထဲမှာ မပါဝင်တဲ့ SNLD လို ပါတီ အဖွဲ့တွေနဲ့ NLD ညှိနှိုင်း လက်တွဲ သွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ